သရုပ်ဆောင် ဘေဘီမောင်ဟာဆိုရင် ချစ်ဖို့ ကောင်းတဲ့ မျက်နှာလေး နဲ့ ပရိသတ် တွေရဲ့ အချစ်ကို အခိုင်အမာ ရရှိထားတဲ့ သူလေး ဖြစ်ပါတယ်။ သရုပ်ဆောင် ဘေဘီမောင်က သူမချစ်ရတဲ့ အဆိုတော် သားဂန်းနဲ့ လက်ထက်ထားပြီး ရင်သွေးလေး ကိုယ်ဝန်ဆောင်ထားရပြီပဲဖြစ်ပါတယ်။

Baby Maung’s Facebook
Baby Maung’s Facebook

ဘေဘီမောင်က သူမရဲ့တစ်နေ့တာ လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ရက် စာမျက်နှာ ပေါ်မှာ အမြဲ တင်ပေးလေ့ရှိပါတယ်။ အခုတစ်ခေါက်မှာလည်း ဘေဘီမောင်က သူမဘဝနဲ့ပတ်သတ်တဲ့ ခံယူချက်လေး တစ်ခုကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ပေးလာပါတယ်။ အဲ့ဒါလေးကတော့ သူမဟာ ကိုယ့်အလုပ်ကိုယ်လုပ်ပြီးအေးအေးဆေးဆေး နေတတ်တဲ့ သူဖြစ်ကြောင်း ၊ ဘယ်သူက ဘာကြီး ညာကြီးဆိုတာကို စိတ်မဝင်စားဘဲ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး မိသားစုအကျိုးဘယ်လို ပြုရမလဲဆိုတာကိုပဲ တွေးတတ်ကြောင်းကို အခုလိုလေး ပြောထားပါတယ်။

Baby Maung’s Facebook
Baby Maung’s Facebook

“ကိုယ့်အလုပ်ကိုယ်လုပ်တယ် ကိုယ့်ဘဝနဲ့ကိုယ်အေးအေးဆေးဆေးနေတယ်****

လူလူချင်းခင်တတ်မင်တတ်ပီးလေးစားစိတ်အပြည့်ရှိပေမယ့် ဘယ်သူကဘာကြီးညာကြီးဆိုတာကိုစိတ်မဝင်စားဘူး****

ကိုယ့်အလုပ်ကိုယ့်လုပ်တယ် ကိုယ့်ဘဝနဲ့ကိုယ်အေးအေးဆေးဆေးနေတယ် ကိုယ်မိသားစုကိုဘယ်လိုအကျိုးပြုရမလဲဆိုတာပဲတွေးတယ် လုပ်တယ်***

??❤️??”

Baby Maung’s Facebook
Baby Maung’s Facebook

ရင်သွေးလေး လွယ်ထားရမှ မေမေဗိုက် က ပိုပို လှ လာပြီး အတွေးလေးတွေလည်း အရမ်းကို ရင့်ကျက်နေတော့တာပါပဲနော်။ ချစ်စရာ မေမေ ဗိုက်လေး ဘေဘီမောင် အကြောင်းကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ် ။ 

Baby Maung’s Facebook
Baby Maung’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။