ဒီကနေ့ မေလ ၁၆ ရက်နေ့မှာ တောင်ကိုရီးယား မင်းသမီး Son Dam Bi ရဲ့ အေဂျင်စီဖြစ်တဲ့ H& Entertainment က Son Dam Bi ရဲ့ မင်္ဂလာပွဲ ပုံရိပ်တွေကို ဝေမျှပေးခဲ့ပါတယ်။

H& Entertainment

ဓာတ်ပုံလေးတွေထဲမှာ Son Dam Bi လေးက ခံ့ညားလှပတဲ့ မင်္ဂလာဝတ်စုံလေးတွေကို ဝတ်ဆင်ထားပြီး လှပကြော့ရှင်းနေကြတာ ဖြစ်ပါတယ်။ ဓာတ်ပုံလေးတွေထဲမှာ မင်္ဂလာစုံတွဲလေး ဘယ်လောက်တောင် ပျော်ရွှင်နေလဲဆိုတာ အတိုင်းသားတွေ့ရပါတယ်။

H& Entertainment
H& Entertainment

တောင်ကိုရီးယား သရုပ်ဆောင် မင်းသမီး Son Dam Bi က သူမရဲ့ ချစ်သူ Lee Kyou Hyuk နဲ့ လက်ထပ်တော့မယ့်အကြောင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ စာလေးတစ်စောင်ရေးပြီး ကြေညာခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက မေလ ၁၃ ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

H& Entertainment

တောင်ကိုရီးယား သရုပ်ဆောင် မင်းသမီး Son Dam Bi ရဲ့ မင်္ဂလာပွဲမှာ ပန်းစည်း လက်ခံရရှိခဲ့သူက တောင်ကိုရီးယားသရုပ်ဆောင် မော်ဒယ် Kang Seung Hyun ပဲဖြစ်ပါတယ်။

Google

တောင်ကိုရီးယား မင်းသမီး Son Dam Bi ရဲ့ ကြည်နူးစရာ ဓာတ်ပုံလေးကို အားလုံးပဲ ကြည့်လို့ရစေရန် ဝေမျှပေးလိုက်ပါတယ်။

H& Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။