တောင်ကိုရီးယား အဆိုတော် ရက်ပါ Giant Pink ရဲ့ ခွေးဟာဆိုရင် Hangang ပန်းခြံထဲက အခြားခွေးတစ်ကောင်ကို ကိုက်သတ်လိုက်တယ်လို့ သိရပါတယ်။ မီဒီယာတွေရဲ့ အဆိုအရ ရက်ပါ Giant Pink ရဲ့ ခွေးလေး နှစ်ကောင်ထဲက တစ်ကောင်က Giant Pink အစ်မနဲ့ အတူ မြစ်ကမ်းနားမှာထိုင်ရင်း အခြား ခွေးတစ်ကောင်ကို ကိုက်သတ်လိုက်တာလို့ သိရပါတယ်။

Google

အကိုက်ခံရခြင်းမှာ ဆေးရုံကို အချိန်မီပို့ခဲ့ပေမယ်လည်းလည်း နစ်နာသူရဲ့ ခွေးလေး အသက် မမီတော့ဘူးလို့ သိရပါတယ်။ သူမရဲ့ ခွေးလေး ရက်ရက်စက်စက် အကိုက်ခံရပြီး သေသွားရပေမယ့် Giant Pink က ဖြစ်စဉ်ကို ဂရုမစိုက်ဘဲ အခင်းဖြစ်ပြီး ၂ ရက် အကြာမှ လာတွေ့တယ်လို့ သိရပါတယ်။

Google

ကိုယ်ချစ်ရတဲ့ ခွေးလေးကို သွေးသံရဲရဲနဲ့ အသက်မဲ့စွာ မြင်တွေ့ခဲ့ရတဲ့ အတွက် ထိခိုက်နစ်နာသူဘက်ကလည်း ဖြေမဆည်နိုင်အောင် သနားဖို့ ကောင်းလှပါတယ်။ တောင်ကိုရီးယား ရက်ပါ အဆိုတော် Giant Pink ဆီမှာ ခွေးလေး နှစ်ကောင် ရှိပြီး နှစ်ကောင်လုံးက အရမ်းလိမ္မာပြီး ချစ်ဖို့ကောင်းတယ်လို့ လူသိများတဲ့ ခွေးလေးတွေ ဖြစ်ပါတယ်။

Google

အခုလို ဖြစ်ရပ်ဆိုးကြီး ဖြစ်သွားခဲ့ရတဲ့အတွက်လည်း ပရိသတ်တွေက မယုံနိုင်လောက်အောင် အံ့သြနေကြပါတယ်။ အခြားသူ ခွေး ကို သေလောက်သည်အထိ လုပ်ခဲ့ပြီး ဂရုမစိုက်ဘဲ နေခဲ့တဲ့ အတွက်လည်း Giant Pink ကို လူတွေက ဝိုင်းဝန်း အပြစ်တင်ထားကြပါတယ်။

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။