သရုပ်ဆောင် အကယ်ဒမီ ချောရတနာဟာဆိုရင် ဝါရင့် မင်းသမီးကြီး ဖြစ်တဲ့ အလျောက် ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ သူဖြစ်ပါတယ်။ ချောရတနာမှာ သားလေးနဲ့သမီးလေး နှစ်ယောက်ရှိပြီး ကလေး နှစ်ယောက် အမေ ဖြစ်ပေမယ့် အခုအချိန်ထိ အရွယ်တင် နုပျိုနေဆဲပဲ ဖြစ်ပါတယ်။

Chaw Yadanar's Facebook
Chaw Yadanar's Facebook
Chaw Yadanar's Facebook

လက်ရှိမှာဆိုရင် သရုပ်ဆောင် ချောရတနာက ရုပ်ရှင်ဇာတ်လမ်းတွေရိုက်ကူးနေသလို စီးပွားရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။  ယမန်နေ့က သရုပ်ဆောင် ချောရတနာက သူမနဲ့ သရုပ်ဆောင် ဗညားဘုန်း ပြည့်တို့ တွဲရိုက်ခဲ့တဲ့ အိမ်မက်ထဲက အိမ်မက်ဆိုတဲ့ ဇာတ်ကား ရဲ့ ပိုစတာလေးတွေ ကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။

Chaw Yadanar's Facebook
Chaw Yadanar's Facebook
Chaw Yadanar's Facebook
Chaw Yadanar's Facebook

ဓာတ်ပုံလေးတွေထဲမှာ ငယ်ရွယ်နုပျိုပြီး အရမ်းကို ချောမောလှပနေတဲ့ မမ ချောရတနာကို တွေ့ရပါတယ်။ အရွယ်နဲ့ မလိုက်အောင်လှပချောမောနေတဲ့ မမ ချောရတနာရဲ့ ချစ်စရာ ဓာတ်ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။