အဆိုတော်ပိုပိုဟာဆိုရင် အသံချိုချိုအေးအေးလေးနဲ့ ရင်ထဲ စွဲငြိစေမယ့် သီချင်းကောင်းလေးတွေ သီဆိုလေ့ရှိတဲ့ သူဖြစ်ပါတယ်။ ဒီကနေ့ မေလ ၁၆ ရက်နေ့လေးကတော့ အဆိုတော် ပိုပိုရဲ့ မွေးနေ့ လေး ဖြစ်ပါတယ်။ သူမဟာ အခုအချိန်မှာဆိုရင်တော့ အကျဉ်းထောင်ထဲမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

Google
Google

လူက အကျဉ်းထောင်ထဲမှာ ရောက်နေပေမယ့် သူမရဲ့ အနုပညာတွေကိုတော့ တားဆီးလို့ မရနိုင်ပါဘူး။ အဆိုတော်ပိုပိုရဲ့ မွေးနေ့ အမှတ်တရ အဖြစ် “မင်းကို လွမ်းမိမှာဆိုးလို့” သီချင်း ဗီဒီယိုဖိုင်လေးက အဆိုတော် ပိုပိုရဲ့ မွေးနေ့မှာ ထွက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

Po Po's Facebook 
From - Po Po's Youtube Channel

သီချင်းလေးက အရမ်း နားထောင်လို့ကောင်းပြီး စိတ်ထဲ တစ်ခုခု ကျန်ခဲ့သွားစေမယ့် သီချင်းလေး ဖြစ်ပါတယ်။ မွေးနေ့အမှတ်တရအဖြစ် ထွက်ရှိလာခဲ့တဲ့ တေးသံရှင်ပိုပိုရဲ့ သီချင်းလေးကို အားလုံးပဲ နားထောင်ဖို့အတွက် ဝေမျှပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။