ချစ်သုဝေ ဟာဆိုရင် ချစ်စရာမျက်နှာလေးနဲ့ သရုပ် ဆောင်ပိုင်းမှာရော ၊ အဆိုပိုင်းမှာရော ထူးချွန်ထက်မြတ်တဲ့ သူဖြစ်ပါတယ်။ သူမဟာ ဆရာဝန်တစ်ယောက် ဖြစ်ပါလျက် အနုပညာကို ဝါသနာပါလွန်းတာကြောင့် အနုပညာ လမ်းကြောင်းထက်ဆီမှာ လျှောက်လှမ်းနေတဲ့ သူလေး ဖြစ်ပါတယ်။ ချစ်သူ့ဝေ ဆီမှာ အရမ်းကို ချစ်ဖို့ကောင်းတဲ့ ခေတ်နဲ့ သစ်လို့ ခေါ်တဲ့ သမီးလေး နှစ်ယောက်လည်း ရှိပါသေးတယ်။

Google
Google
Google

ချစ်သူ့ဝေရဲ့ သမီးလေးတွေက အရမ်းချစ်ဖို့ကောင်းပြီး စကားလေးတွေလည်း အရမ်းတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သမီးလေး ခေတ်နဲ့သစ်က မေမေ ချစ်သူ့ဝေကို ချစ်တဲ့အကြောင်း ပုံလေးဆွဲပြီး ရှင်းပြထားတဲ့ ဗီဒီယိုလေးကို မေမေ ချစ်သူ့ဝေက လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ပေးလာပါတယ်။

Instagram

ဗီဒီယိုလေးထဲမှာဆိုရင် ခေတ်နဲ့ သစ်လေးက မေမေချစ်သူ့ဝေပုံလေးကို လှလှလေး သေချာလေး ဆွဲပေးပြီး ရှင်းပြနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ မပီကလာ ပီကလာ အသံလေးနဲ့ I love You .. Mommy လို့ ပြောနေတဲ့ အသံလေးက အရမ်းကို ချစ်ဖို့ကောင်းလွန်းပါတယ်။

Google

ပုံလေးတွေကို ခေတ် နဲ့ သစ်လေးက မေမေ ချစ်သူ့ဝေအတွက် အမေများနေ့ (Mother’s Day) လက်ဆောင်အဖြစ် ဆွဲပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ မေမေ ချစ်သူဝေနဲ့ချစ် စရာ မီးမီးလေးတွေရဲ့ ဗီဒီယိုလေးကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။