တောင်ကိုရီးယား မင်းသား Lee Seung Gi  နဲ့ မင်းသမီး Lee Da In  တို့ တွဲနေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိထားတာ အားလုံးပဲ သိပြီး ကြမှာပါနော်။ အခုတစ်ခေါက်မှာလည်း သူတို့နှစ်ဦးသား ပန်းချီ ပြခန်းတစ်ခုမှာ ချိန်းတွေ့နေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိလာပြန်ပါပြီ။ 

Google
Google

သတင်းတွေ စတင်ထွက်ရှိခဲ့တဲ့ အကြောင်းအရင်းကတော့ နှစ်ဦးသား တင်ခဲ့တဲ့ Instagram ဓာတ်ပုံတွေကနေစတာဖြစ်ပါတယ်။ နှစ်ဦးသားတင်ခဲ့ကြတဲ့ Instagram ဓာတ်ပုံတွေထဲမှာ ရောက်နေတဲ့နေရာ နဲ့ အချိန်က အတူတူဖြစ်နေတာကြောင့် Netizen တွေက နှစ်ဦးသား ပန်းချီ ပြခန်းမှာ ချိန်းတွေ့နေကြတာလို့ သုံးသပ်ထားကြတာဖြစ်ပါတယ်။ 

Instagram 

Lee Da In ရဲ့ ဓာတ်ပုံထဲမှာ တွေ့ရတဲ့ အနီရောင်မှန်လေးက Lee Seung Gi ဓာတ်ပုံထဲမှာတွေ့ရတဲ့ အနီရောင် မှန်လေးနဲ့ အတူတူပဲဖြစ်တာကြောင့် နှစ်ဦးသား တစ်ယောက် ဓာတ်ပုံ တစ်ယောက် ရိုက်ပေးထားကြတဲ့ပုံစံမျိုးလေးပါ။မမ Lee Da In တင်ထားတဲ့ ဓာတ်ပုံမှာဆို  “With Love” (အချစ်နဲ့အတူတူ) ဆိုတဲ့ စာသားလေးတောင် ထည့်ထားပါသေးတယ်။  ?

Instagram 

သူတို့ စုံတွဲလေး နှစ်ဦးက ဓာတ်ပုံလေးတွေကို ပရိသတ်တွေ သတိမထားမိအောင် တစ်ရက်ခြား တင်ပေးခဲ့ပေမယ့်လည်း ပရိသတ်တွေက သတိထားမိခဲ့ပါတယ်။ 

Google

တောင်ကိုရီးယားမင်းသား Lee Seung Gi နဲ့ Lee Da In တို့က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလက စပြီး လူသိရှင်ကြားတွဲနေခဲ့ ကြတာဖြစ်ပါတယ်။

Google

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။