လတ်တလော Facebook စာမျက်နှာတွေမှာ ဖြစ်နေကြတဲ့ ထမင်းပေါင်းပြဿနာကို အားလုံးကသိကြမှာပါနော်။ ရန်ကုန် နဲ့ မန္တလေးဟာ နေရာဒေသကွဲသလို အသုံးအနှုန်း ၊ အခေါ်အဝေါ် ၊ အစားအသောက်တွေလည်း ကွဲကြပါတယ်။ အခု ရန်ကုန် ထမင်းပေါင်း နဲ့ မအူပင် ထမင်းပေါင်း ဘာတွေကွာသွားမလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁) ရန်ကုန်ထမင်းပေါင်း
ရန်ကုန်ထမင်းပေါင်းဆိုတာဟာ ထမင်းဖြူပေါ်မှာ အရွက် နဲ့ ပေါင်းပြီးချက်ထားတဲ့ကော်ရည်ပူပူကိုစမ်းကာ အသားကင် ၊ အခေါက်ကင် အစရှိတာတွေနဲ့ တွဲဖက်စားသောက်ရတဲ့အစားအသောက်တစ်မျိုးဖြစ်ပါတယ်။

အမြင်မှာဆန်းသလို အရသာအနေနဲ့လည်း တစ်ပွဲဆိုတစ်ပွဲစားလိုက်တာနဲ့ ထိထိမိမိရှိတာကတော့ ရန်ကုန်ထမင်းပေါင်းပါပဲ။

(၂) မန္တလေး ထမင်းပေါင်း
မန္တလေးထမင်းပေါင်းဆိုတာ ထမင်းကို ငရုတ်ဆီနဲ့ နယ်ပြီး အဲ့ထမင်းကို အသားကင် ၊ နံရိုးကင် အစရှိတာတွေနဲ့ အတူတွဲဖက်စားသောက်ရတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အများအမြင်မှာတော့ ထမင်းသုပ် နဲ့ တူပေမယ့် တကယ်က မန္တလေးထမင်းပေါင်းဟာ အရသာချိုစိမ့်စိမ့်နဲ့ အမြင်မှာနီနီရဲရဲ ဖြစ်နေတဲ့အစားအစာတစ်မျိုးပါပဲ။

သင်ကရော ရန်ကုန် ထမင်းပေါင်း လား? မန္တလေး ထမင်းပေါင်း လား?
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။