သရုပ်ဆောင်မေကဗျာဟာဆိုရင် ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ သူလေး ဖြစ်ပါတယ်။ မေကဗျာက လှပပြီး ထူးချွန်ထက်မြတ်တဲ့ သမီးလေးနဲ့ သာယာပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူလေးဖြစ်ပါတယ်။ မေကဗျာက လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ မလုပ်တော့ဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်ကာ အနုပညာလောကကနေ ခေတ္တ အနားယူထားတာပဲဖြစ်ပါတယ်။

May Kabyar's Facebook

ဒီကနေ့မှာတော့ မေကဗျာက သူမ အသက်ကြီးလာတဲ့အချိန်မှာ ဘုရားတရားလုပ်ရင်း အနားယူ အပန်းဖြေဖို့ နေရာလေးကို ပရိသတ်တွေ အတွက် အခုလို ချပြပေးလိုက်ပါတယ်။

May Kabyar's Facebook

“အလုပ်တွေပိလာတိုင်း POLကကို့ခြံလေးထဲပြေးသွားချင်မိတယ် အပင်တွေစိုက် သစ်ရိပ်ဝါးရိပ် လေလေးကအစ အသက်ကြီးရင်တော့ ဒီခြံလေးထဲမှာနေရင်း ဘုရားသွား ဘာသာရေးပဲလုပ်မှာမို့ စိတ်တူရင်အတွေးတူရင် ကဗျာနားမှာလာနေကြပါလားသဲလေးတို့”

May Kabyar's Facebook
May Kabyar's Facebook
May Kabyar's Facebook
May Kabyar's Facebook

သရုပ်ဆောင် မေကဗျာက လက်ရှိမှာလည်း အလုပ်တွေ ပိလာတိုင်း ပြင်ဦးလွင်ကခြံလေးကို သွားလေ့သွားထရှိတယ်လို့ သိရပါတယ်။

May Kabyar's Facebook
May Kabyar's Facebook

အပင်တွေစိုက် ရင်း သစ်ရိပ်ဝါးရိပ်လေးအောက်မှာ ဘဝကို အေးအေးချမ်းချမ်းလေး ဖြတ်သန်းသွားချင်တဲ့ သရုပ်ဆောင် မေကဗျာက သူမရဲ့ ပြင်ဦးလွင်က ရိပ်မြုံလေးကို ဖော်ပြရင်း စိတ်တူရင် သူမအနားမှာ လာနေဖို့ ပရိသတ်တွေကို ဖိတ်ခေါ်ထားပါသေးတယ်။

May Kabyar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။