အဆိုတော် ချမ်းချမ်းဟာဆိုရင် အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေ သီဆိုတတ်တဲ့ သူလေး ဖြစ်ပါတယ်။ ချမ်းချမ်းဟာ လက်ရှိမှာ အီတလီနိုင်ငံကိုရောက်ရှိနေပြီဖြစ်ပြီး ပျော်စရာ မိသားစုလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ 

Chan Chan’s Facebook

ချမ်းချမ်းရဲ့ ဒုတိယ သမီးလေး Pilar လေးက တစ်နှစ်ကျော် အရွယ်လေး ဖြစ်နေတာကြောင့် လမ်းစလျှောက်တတ်တဲ့ အရွယ်ကိုရောက်နေပါပြီ။ 

Chan Chan’s Facebook
Chan Chan’s Facebook

သမီးလေးကို လိုက်ထိန်းပြီး ပင်ပန်းနေတဲ့ အဆိုတော်ချမ်းချမ်းက ယောင်မလေး က ကလေးဝိုင်းထိန်းပေးနေတာကြောင့် အမောပြေနေတဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ပေးလာပါတယ်။ 

“သမီးလေးနဲ့ သူ့အဒေါ်နှစ်ပါးသွား ရုံးကပြန်လာတာနဲ့ အထိန်းတော်လေးကိုဖြစ်လို့ ??ကိုယ်ကနော့ နေ့စဉ်ထိန်းနေရတော့ အီစိမ့်နေပီ ခြေထောက်တွေလဲ ရောင်နေပြီ???”

Chan Chan’s Facebook

ချစ်ဖို့ကောင်းတဲ့ Pilar လေးကိုထိန်းပေးနေတဲ့ တီတီလေးကတော့ Pilar လေးကို ချစ်မဝ ဖြစ်နေမှာပဲနော်။ Pilar လေးနဲ့ ချစ်စရာ တီတီလေးရဲ့ ဗီဒီယိုလေးကို အားလုံးပဲ ကြည့်လို့ရအောင်ဝေမျှပေးလိုက်ပါတယ်။ 

Chan Chan’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။