သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာဆိုရင် ချစ်ဖို့ကောင်းပြီး လူတိုင်း ကြွေလောက်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့သူလေး ဖြစ်ပါတယ်။ သူမဟာဆရာဝန်တစ်ယောက်ဖြစ်ပေမယ်လို့ ဆရာဝန် မလုပ်ဘဲ အနုပညာကို ဝါသနာ ပါလွန်းတာကြောင့် အနုပညာအလုပ်ကို လုပ်နေတာ ဖြစ်ပါတယ်။ သူမမှာ ချစ်စရာသားလေးနဲ့ သမီးလေး နှစ်ယောက်ရှိပါတယ်။

Nan Myat Phyo Thin’s Facebook

နန်းမြတ်လေးက ကလေး နှစ်ယောက်အမေ ဖြစ်ပေမယ့်လည်း အရွယ်တင်နုပျိုပြီး ချစ်ဖို့ကောင်းနေတုန်းပဲဖြစ်ပါတယ်။  ကြုံလာတဲ့ လောကဓံတွေကို အရှုံးမပေးဘဲ ကြံ့ကြံ့ခိုင်ကျော်ဖြတ်နိုင်တဲ့ နန်းမြတ်လေးက ဒီကနေ့မှာ သူမရဲ့ခွန်အားတွေ နဲ့ ပတ်သတ်ပြီး လျို့ဝှက်ချက်ကို ပြောပြလာခဲ့ပါတယ်။ 

Nan Myat Phyo Thin’s Facebook

နန်းမြတ်ဟာဆိုရင် ရဲရင့်မှုတွေ ယုံကြည်မှုတွေကနေ ရှေ့ဆက်ဖို့ အတွက် ခွန်အားတွေ ရယူထားတယ်လို့ ဆို ပါတယ်။ သူမဟာ သူမရဲ့ သားနဲ့ သမီးလေးတွေဆီကနေ ယုံကြည်မှုတွေ ရယူထားပြီး မိဘတွေဆီကနေ ရဲရင့်မှုတွေကိုရယူထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နန်းမြတ်က အဆိုးဆုံး အခြေအနေတွေကို အားတင်း ကြိုးစားပြီးရှေ့ဆက်နိုင်နေတာလို့ သိရပါတယ်။ 

Nan Myat Phyo Thin’s Facebook
Nan Myat Phyo Thin’s Facebook

“ရဲရင့်မှုတွေ ယုံကြည့်မှုတွေက ရှေ့ဆက်ဖို့တွက်ခွန်အားတွေပဲ

သားနဲ့သမီးဆီကနေယုံကြည်မှုတွေရတယ် မိဘတွေဆီကနေရဲရင့်မှုတွေကူးယူတယ်

ကြိုးစားပီးရှေ့ဆက်နေတယ်”

Nan Myat Phyo Thin’s Facebook
Nan Myat Phyo Thin’s Facebook
Nan Myat Phyo Thin’s Facebook

Single mother တစ်ယောက်ပေမယ့် အရှုံးမပေးဘဲ ဘဝလောကဓံကို ကြံ့ကြံ့ခံကျော်လွှားနိုင်တဲ့ နန်းမြတ်ရဲ့ လျို့ဝှက်ချက်လေးကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Nan Myat Phyo Thin’s Facebook
Nan Myat Phyo Thin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။