အဆိုတော်ဖြိုးလေးဟာဆိုရင် Snare အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး သီချင်းကောင်းလေးတွေ သီဆိုလေ့ရှိတဲ့သူဖြစ်ပါတယ်။ အဆိုတော်ဖြိုးလေးဟာဆိုရင် ချစ်စရာကောင်းတဲ့ ချစ်သူလေး ဝါဆိုမိုးဦးကို လည်း ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ အဆိုတော် ဖြိုးလေးရဲ့ မိခင်ကြီးဟာဆိုရင် ဖြိုးလေး ငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့ရတာ ဖြစ်ပါတယ်။

Phyo Lay's Facebook

အခုဆိုရင် အဆိုတော် ဖြိုးလေးနဲ့ သူ့ရဲ့ မိခင်ကြီး ကွဲကွာခဲ့ရတာ နှစ်ပေါင်း ၁၇ နှစ်တောင်ရှိသွားပြီပဲ ဖြစ်ပါတယ်။ ဖြိုးလေးက သူ့ရဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မိခင်ကြီး အကြောင်းကို ငယ်ငယ်တုန်းက ပုံလေးနဲ့တကွတင်ပေးလာတာ ဖြစ်ပါတယ်။

 "အမေ လို့ မခေါ်ရတာ 17 နှစ် ရှိပြီ အမေ ရောက်လေရာ ဘဝ မှာ အဆင်ပြေပါစေ ??????”

Phyo Lay's Facebook

အဆိုတော်ဖြိုးလေးဟာဆိုရင် လက်ရှိမှာ သူချစ်ရတဲ့ ချစ်သူ သရုပ်ဆောင် ဝါဆိုမိုးဦးနဲ့ ခိုင်မြဲတဲ့ ဆက်ဆံရေးလေးတစ်ခုကို တည်ဆောက်ထားပြီပဲ ဖြစ်ပါတယ်။

Phyo Lay's Facebook

မိခင်မရှိတော့တာ ၁၇ နှစ်ကြာသွားပြီ ဖြစ်တဲ့ အဆိုတော် ဖြိုးလေးရဲ့ အကြောင်းကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။