တောင်ကိုရီးယား မင်းသမီး Kim Go Eun ဟာဆိုရင် သူမရဲ့ ချစ်စရာကောင်းတဲ့ ငယ်ဘဝ ဓာတ်ပုံလေးတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝေမျှပေးလာပါတယ်။  Kim Go Eun ဟာဆိုရင် အရမ်းကို ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပြီး သရုပ်ဆောင် ကောင်းလွန်းတာကြောင့် ရိုက်လိုက်တဲ့ ဇာတ်ကားတိုင်းမှာ အောင်မြင်မှု ရရှိနေတာဖြစ်ပါတယ်။

Google

မေလ ၁၀ ရက်နေ့မှာ Kim Go Eun က သူမရဲ့ ငယ်ဘဝက ဓာတ်ပုံလေးတွေကို ဝေမျှပေးလာခဲ့ပါတယ်။ ဓာတ်ပုံလေးတွေက သူမ Kaywon အထက်တန်းကျောင်း တတ်တုန်းက ဓာတ်ပုံလေးတွေဖြစ်ပါတယ်။ Kim Go Eun ရဲ့ မျက်နှာလေးက အထက်တန်းကျောင်းတတ်တဲ့ အချိန်ကနေစပြီး အခုအချိန်ထိ မပြောင်းလဲဘဲ ဒီအတိုင်း ရှိနေတာကို ထင်ရှားစွာ တွေ့ရမှာပါ။

Google
Google
Google

ဒါကြောင့် Goblin မင်းသမီးလေးကို ခွဲစိတ်မှု မလုပ်ဘဲ ပင်ကိုယ် အလှလေးနဲ့  ကောင်မလေးလို့ ပရိသတ်တွေက လက်ခံထားခဲ့ကြတာဖြစ်ပါတယ်။ တောင်ကိုရီးယား မင်းသမီး Kim Go Eun ရဲ့ ချစ်စဖွယ် ငယ်ဘဝ ပုံရိပ်လေးကို အားလုံးပဲ ကြည့်လို့ရစေရန် ဝေမျှပေးလိုက်ပါတယ်။

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။