အကောင်းဆုံးသော သရုပ်ဆောင်ချက်တွေ ၊ အမိုက်စား အက်ရှင်လှုပ်ရှားမှုတွေနဲ့ တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ အနုပညာရှင် ခန့်ချောကြီးကတော့ အားလုံးကချစ်ကြတဲ့ Tom Cruise ပါပဲ။


Tom Cruise ဟာဆိုရင် သူ့သရုပ်ဆောင်သက်တမ်းတလျှောက်မှာ အကောင်းဆုံးသော သရုပ်ဆောင်မှုတွေနဲ့ စတန့်အစစ်အမှန်တွေကို ပရိသတ်ရှေ့မှောက် ချပြနိုင်ခဲ့သူဖြစ်ပေမယ့် သူက သူသာ သရုပ်ဆောင်ဘဝကို မရွေးချယ်ခဲ့ရင် သင်းအုပ်ဆရာလုပ်ဖြစ်နေမယ်လို့ဆိုပါတယ်။


Tom Cruise ဟာ သူ့ရဲ့ ဆယ်ကျော်သက်အရွယ်မှာ ကက်သလစ် သင်းအုပ်ဆရာဖြစ်ချင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့အသက်အရွယ်တုန်းက မင်းသားကြီး Tom Cruise ဟာ သင်းအုပ်ဆရာဖြစ်ချင်တဲ့ စိတ်မျိုးရှိခဲ့ပေမယ့် ဘဝလမ်းကြောင်းရွေးချယ်ဖို့ စောလွန်းနေသေးတယ်လို့ ယူဆနေခဲ့ကြောင်းလည်း ပြောခဲ့ပါသေးတယ်။





"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။