The Rock လို လူသိများတဲ့ ဟောလိဝုဒ်ကြယ်ပွင့် Dwayne Johnson ဟာဆိုရင် သမီးလေးကို အရမ်းချစ်တဲ့ အဖေအဖြစ် လူသိများတဲ့ သူဖြစ်ပါတယ်။ Dwayne Johnson ဟာ သမီးဖြစ်သူနဲ့ ပတ်သတ်တဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲတင်ပေးလေ့ရှိတဲ့ သူဖြစ်ပါတယ်။ 

Instagram
Instagram

အခုတစ်ခေါက်မှာလည်း Dwayne Johnson က သမီးလေး မြင်းပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ ပုံရိပ်လေးကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးလာခဲ့ပါတယ်။

Instagram

Dwayne Johnson ဟာ သမီးဖြစ်သူရဲ့ အောင်မြင်မှုကိုဂုဏ်ပြုပေးခဲ့ပြီး အရမ်းကို ဂုဏ်ယူနေတာကို သူတင်ထားတဲ့ ပုံလေးထဲမှာတွေ့ရပါတယ်။ Dwayne Johnson ကြီး သမီးဖြစ်သူလေးအတွက် ဂုဏ်ယူနေတဲ့ စာသားလေးကို အောက်မှာ ဖော်ပြပေးထားပါတယ်။

Instagram

“ကျုပ်သမီးလေးက ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ရဲရဲတောက်လေးပါ။ ကျုပ်သမီးလေးကို ချစ်ရတဲ့ အကြောင်းအရင်းက သူက စိတ်အားထက်သန်တယ်။ တိရစ္ဆာန်တွေကို ချစ်တယ်။ ချစ်ဖို့ကောင်းတယ်။ သူ့ဆီက အရမ်းကြိုက်ရတဲ့ အချက် တစ်ခုက သမီးလေးက သူ့ရဲ့ ဝါသနာကို ရှာနိုင်တယ်။ “

Instagram
Instagram

Dwayne Johnson ကြီးက သမီးလေး ဆုရခဲ့တာကို သူဆုရခဲ့သလိုမျိုး အရမ်းတွေ ဂုဏ်ယူပြီး ဝမ်းသာ ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ဂုဏ်ယူပါတယ်နော် သမီးလေးရေ .. နောက်ထပ်လည်းဆုတွေ အများကြီး ရပါစေ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။