တောင်ကိုရီးယား နာမည်ကျော်စုံတွဲလေးဖြစ်တဲ့ Binjin စုံတွဲကတော့ တောင်ကိုရီးယားနိုင်ငံအတွက် တကယ့်ကိုpowerful စုံတွဲလေးပဲဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ကြောင့် လက်ထပ်ဖြစ်သွားတဲ့ စုံတွဲတွေ အများကြီးပဲလို့ သိရပါတယ်။ သူတို့နှစ်ဦး မင်္ဂလာဆောင်ခဲ့တဲ့ ခန်းမမှာလည်း မင်္ဂလာပွဲအတွက် ကြိုတင် booking ယူထားသူက ၂၀၂၃ခုနှစ် အထိ ရှိနေတယ်လို့ သိရပါတယ်။ 

Google

တောင်ကိုရီးယားနိုင်ငံမှာ Grand Walkerhill ဟိုတယ် ကြီးက စျေးအကြီးဆုံး ထဲမှာပါပါတယ်။

Google

စျေးအကြီးဆုံးဟိုတယ် ကြီးတောင် Booking အပြည့်ပဲဆိုတော့ အခြား ဟိုတယ်တွေဆို စာဖွဲ့လို့တောင် ရမှာမဟုတ်ပါဘူးနော်။ Binjin စုံတွဲကြောင့် တောင်ကိုရီးယား စုံတွဲတွေ အများကြီး မင်္ဂလာဆောင်ကုန်ကြတာ လက်မခံလို့ရတဲ့ အမှန်တရားပဲ ဖြစ်ပါတယ်။ 

Google

တောင်ကိုရီးယား သရုပ်ဆောင် Hyun Bin နဲ့ Son Ye Jin တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ မတ်လ မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ မင်္ဂလာပွဲ ပုံရိပ်လူလေးတွေက လူ မှုကွန်ရက်ပေါ်မှာ လည်း အတိုင်းမသိ နာမည်ကြီးလာခဲ့ကြတာဖြစ်ပါတယ်။ 

Google

Source - Philster

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။