MRTV - 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ မကြာခဏ  ပါလေ့ရှိတဲ့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေကို သိကြမှာပါနော်။ ဆောင်းဝတ်ရည်မေက မျက်နှာဖောင်းဖောင်းလေးနဲ့ ချစ်စဖွယ် ကလေး မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူလေး ဖြစ်တဲ့အပြင် သရုပ်ဆောင်အရမ်းကောင်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကိုတခဲနက် ရရှိထားသူလေး ဖြစ်ပါတယ်။ 

Hsaung Wutyee May’s Facebook

သရုပ်ဆောင် ဆောင်းဝတ်ရည်မေလေးက လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ သိပ်ပြီး မလုပ်ဖြစ်တော့ပေမယ့် သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှု ပုံရိပ်လေးတွေကိုတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲ တင်ပေးလေ့ရှိပါတယ်။ 

Hsaung Wutyee May’s Facebook

အခုတစ်ခေါက်မှာလည်းဆောင်းဝတ်ရည်မေက Solo Pre-Wedding  ဆိုပြီး မင်္ဂလာ ဝတ်စုံလေးနဲ့ ဓာတ်ပုံလေးကိုလူမှုကွန်ရက်စာမျက်မှာပေါ်မှာ တင်ပေးလာတာဖြစ်ပါတယ်။ 

Hsaung Wutyee May’s Facebook

ဓာတ်ပုံလေးထဲမှာ သတို့သားမပါဘဲ သတို့သမီးလေး တစ်ယောက်တည်းဆိုပေမယ့် သတို့သားပုံနဲ့လည်း မကြာခင်မှာ လာမယ်လို့ ဆောင်းဝတ်ရည်မေက ပြန် လည်ဖြေကြားထားပါတယ်။ 

Hsaung Wutyee May’s Facebook
Hsaung Wutyee May’s Facebook

သတို့သားပုံလေးနဲ့ တင်ရင်လည်း သူမကိုအချစ်မလျော့ဖို့အတွက် ဆောင်းဝတ်ရည်မေလေးက ထပ်ဆောင်းပြောထားပါသေးတယ်။ 

Hsaung Wutyee May’s Facebook

ဆောင်းဝတ်ရည်မေလေးရဲ့ ချစ်စရာ Solo Pre-Wedding ဓာတ်ပုံလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်❤️

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။