တောင်ကိုရီးယား မင်းသမီး Lee Young Ae ဟာဆိုရင် အခြား ဘယ်သူမှ မရနိုင်တဲ့ ပြည့်စုံတဲ့ ဘဝမျိုးကို ရရှိပိုင်ဆိုင်ထားတဲ့ သူဖြစ်ပါတယ်။ Lee Young Ae ကို ရုပ်မြင်သံကြား အစီအစဉ်တွေမှာ ထပ်ပြီး မတွေ့နိုင်တော့ပေမယ့် သူမက တောင်ကိုရီးယားနိုင်ငံမှာ နာမည်ကြီးနေတဲ့သူ ဖြစ်နေတုန်းပါပဲ။ 

Google

မြန်မာနိုင်ငံကသူတွေကတော့ သူမကို ချန်ဂင် အဖြစ် သိထားကြတာ ဖြစ်ပါတယ်။  Lee Young Ae ဟာသရုပ်ဆောင် အရမ်းကောင်းတဲ့ သူဖြစ်ပြီး မျက်နှာ အမူအယာပိုင်းမှာလည်း ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်နိုင်တဲ့ သူဖြစ်ပါတယ်။ 

Google

Lee Young Ae  ဟာ စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ ကွာရှင်းထားတဲ့ သူဖြစ်ပါတယ်။ သူမဟာ ဒုတိ

ယ အိမ်ထောင်နဲ့ လက်ထပ်မယ့်အကြောင်းကို ၂၀၀၉ ခုနှစ်မှာ  ကြေညာခဲ့တာဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ်မှာ မင်းသမီး ၂၀၀၉ ခုနှစ်မှာ  သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ဖွားမြင်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အမျိုးသားကို လူတွေ မသိကြသေးပါဘူး။ 

Lee Young Ae ရဲ့ အမျိုးသားက Jeong Ho Young လို့ခေါ်တဲ့ စီးပွါးရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူကမင်းသမီး Lee Young Ae ထက် အသက် ၂၀ တိတိ ကြီးပါတယ်။ 

Google

Lee Young Ae ဟာ ချမ်းသာကြွယ်ဝပြီး နှလုံးသားမြင့်မြတ်တဲ့သူအဖြစ် သက်မှတ်ခြင်း ခံထားရတဲ့ သူဖြစ်ပါတယ်။ သူမဟာ ၂၀၀၆ ခုနှစ်မှာ အမေရိကန်ဒေါ် လာ ၅သောင်းတန်ဖိုးရှိတဲ့ စာကြည့်တိုက်ကြီးကိုဆောက်လုပ်လှူဒါန်း ပေးခဲ့ဖူးပါတယ် ။ 

Google

Lee Young Ae ဟာ ယူကရိန်း နိုင်ငံအတွက်လည်း ဝမ်သန်း ၁၀၀ ဝန်းကျင်ရှိတဲ့ ငွေတွေကို လှူဒါန်းခဲ့ပါတယ်။ Lee Young Ae က လက်ရှိမှာ အသက် ၅၀ အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ အသက် ၅၀ ကျော်နေပေမယ့် Lee Young Ae ရဲ့ ငယ်ရွယ်နုပျိုမှုတွေကတော့ ဆက်လက်ရှင်သန်နေဆဲပဲ ဖြစ်ပါတယ်။ ချန်ဂင်လို့ လူသိများတဲ့ တောင်ကိုရီးယား မင်းသမီး Lee Young Ae ရဲ့ ဘဝအကြောင်းကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။