ကမ္ဘာကျော် အဆိုတော်ကြီး Nick Cave ရဲ့ သားဖြစ်သူ Jethro Lazenby ဟာ အသက် ၃၁ နှစ်အရွယ်မှာ သေဆုံးသွားပြီလို့ သိရပါတယ်။ Jethro Lazenby ဟာ သြစတေးလျ အဆိုတော်ကြီး Nick Cave ရဲ့ အကြီးဆုံးသား ဖြစ်ပြီး အသက် ၃၁ နှစ်အရွယ်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ 

Google
Google

အဆိုတော်ကြီး Nick Cave မှာ သား ၄ ယောက်ရှိပြီး သူ့ရဲ့ သားငယ် Arthur Cave ကလည်း အသက် ၁၅  နှစ်အရွယ်မှာ ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် အဆိုတော်ကြီး Nick Cave မှာ အသက်ရှင်လျက်ကျန်ခဲ့တဲ့ သား နှစ်ယောက်ပဲ ကျန်ပါတော့တယ်။ သားဖြစ်သူတွေရဲ့ သေဆုံးမှုနဲ့ ပတ်သတ်ပြီး အဆိုတော်ကြီး Nick Cave က အခုလို ပြောလာခဲ့ပါတယ်။ 

Google

 “စိတ်မကောင်းခြင်းများစွာနဲ့ ကျွန်တော့်သား Jethro သေဆုံးသွားပြီဆိုတာကိုပဲ အတည်ပြုပေးနိုင်ပါတယ်။မိသားစုကိစ္စဖြစ်လို့ အခြေအနေ အသေးစိတ်ကိုတော့ ထပ်ပြီး မပြောနိုင်တော့တာကို နားလည်ပေးကြပါခင်ဗျာ”

Google

အခု သေဆုံးသွားတဲ့ Cave က အဆိုတော်ကြီး Nick Cave ချစ်ရတဲ့ သားကြီးလေး ဖြစ်တယ်လို့ သိရပါတယ်။အဆိုတော်ကြီး Nick Cave ရဲ့ သားငယ်လေးကလည်း ၂၀၁၅ ခုနှစ်တုန်းက ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျပြီးဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ Jethro Lazenby က မော်ဒယ်အဖြစ် ဆောင်ရွက်နေတဲ့သူဖြစ်ပြီး မကြာသေးမီက ပုဂ္ဂုလ်ရေးနဲ့ ပတ်သတ်ပြီး အမှုအခင်းတွေ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ Jethro Lazenby ဟာ ကွယ်လွန်သွားတဲ့အချိန်မှာ အသက် ၃၁ နှစ်အရွယ်သာရှိပါသေးတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။