ဦးမိုးဒီဟာ နာမည်ကျော် လူရွှင်တော် ဟာသ သရုပ်ဆောင်ကြီး တစ်ဦး ဖြစ်ပြီး “ကျွန်တော့်သဘင် တင်မိုးဝင်း” မှာ လူရွှင်တော်ကြီး မော့စ်နဲ့ တွဲဖက်ပြီး နာမည်ကျော်လာခဲ့တဲ့ သူဖြစ်ပါတယ်။ ဦးမိုးဒီဟာ နာမည်ကျော် ဟာသလူရွှင်တော်ကြီး ဖြစ်တဲ့အလျောက် သရုပ်ဆောင်ပညာပိုင်းမှာလည်း တစ်ဖက်ကမ်းခပ် ထူးချွန်သူဖြစ်ပါတယ်။ 

U Moe De’s Facebook 
U Moe De’s Facebook 

အငိုဇာတ်လမ်းဆို အငိုဇာတ်လမ်း ၊ ပျော်စရာ ဇာတ်လမ်းဆို ပျော်စရာဇာတ်လမ်း အမျိုးမျိုးသော ဇာတ်ကွက်တွေမှာ ကျရာဇာတ်ကွက် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ လူရွှင်တော်ကြီး ဦးမိုးဒီကို အခုနောက်ပိုင်းမှာ ရုပ်ရှင်ရိုက်ကူးမှုတွေထဲမှာ မတွေ့ရတော့ပါဘူး။ ဒါပေမယ့် လူမှုကွန်ရက် စာမျက်နှာပေါ်မှာတော့ ဦးမိုးဒီကို တွေ့လာရပါတယ်။ 

U Moe De’s Facebook 
U Moe De’s Facebook 

ဦးမိုးဒီက ဒီကနေ့မှာလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဦးမိုးဒီကို မေ့နေကြပြီလားဆိုတဲ့ စာသားလေးနဲ့အတူ ပုံလေးတွေ တင်ပေးလာခဲ့ပါတယ်။ 

U Moe De’s Facebook 

ဦးမိုးဒီကြီး လှလှပပနဲ့ သပ်သပ်ရက်ရက်ပုံစံလေးကို လွမ်းနေကြတဲ့ပရိသတ်ကြီးတွေအတွက် ဦးမိုးဒီရဲ့ ပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။