တောင်ကိုရီးယားမင်းသမီး Ha Yeon Soo တစ်ယောက် အနုပညာလောကကနေ အနားယူတော့မယ်ဆိုတဲ့ သတင်းဟာ တောင်ကိုရီးယား အနုပညာလောကမှာတော်တော်လေး နာမည်ကြီးရေပန်းစားနေပါတယ်။ ဒီသတင်းစတင်ခဲ့တဲ့နေရာက သူမရဲ့ အေဂျင်စီဖြစ်တဲ့ ANDMARQ ကဖြစ်ပါတယ်။ ANDMARQ အေဂျင်စီက “ကျွန်တော်တို့ Ha Yeon Soo နဲ့ ချုပ်ထားတဲ့ စာချုပ်က ဒီနှစ်အဆုံးသတ်မှာပဲ အဆုံးသတ်သွားပါပြီ။ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး အသေးစိတ်ကိုတော့ ကျွန်တော်တို့ မသိပါဘူး။”ဆိုပြီး ထုတ်ပြန်ချက်ထုတ်ထားပါတယ်။ Ha Yeon Soo ရဲ့ ပရိုဖိုင်တွေ အားလုံးကိုလည်း တောင်ကိုရီးယား portal sites တွေဖြစ်တဲ့ Naver နဲ့ Daum တို့ကနေ ဖယ်ရှားလိုက်ပြီလို့ သိရပါတယ်။

Google

Ha Yeon Soo က လက်ရှိမှာ ဂျပန်နိုင်ငံမှာ ပညာသင်ကြားနေတာပဲဖြစ်ပါတယ်။ Ha Yeon Soo က သူမရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ ဂျပန်မှာပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေက လွဲပြီး အခြား အနုပညာ လှုပ်ရှားမှုနဲ့ ပတ်သတ်တဲ့ ပုံရိပ်တွေကို တင်လေ့မရှိတော့ပါဘူး။

Google

Ha Yeon Soo ဟာ ၂၀၁၃ ခုနှစ်က 'Monstar' ဆိုတဲ့ ရုပ်ရှင်မှာ ပွဲဦးထွက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာလည်း 'Drinking Solo', 'The Legendary Witch', နဲ့ Exo အဖွဲ့ဝင် Suho နဲ့ အတူပါဝင်သရုပ်ဆောင်ထားတဲ့ Rich Man နဲ့ အခြား ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင် ထားပါတယ်။

Google
Google
Google

ချစ်စဖွယ်မျက်နှာလေးနဲ့ သရုပ်ဆောင်အရမ်းကောင်းတဲ့ မင်းသမီး Ha Yeon Soo အနုပညာလှုပ်ရှားမှုကနေ အနားယူတော့မယ်ဆိုတဲ့ သတင်းဟာ တောင်ကိုရီးယား အနုပညာ လောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။ စိတ်မကောင်းစရာ သတင်းလေးကို တောင်ကိုရီးယား ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။