အဆိုတော်စိုင်းထီးဆိုင်ဟာဆိုရင် သံလွင်ချောင်းခြား၊ ဒီထက်ပိုပြီး မတန်နိုင်ဘူး၊ ချယ်ရီကိုသာ ပန်ပါကွယ်၊ ဒီဇင်ဘာနံနက်ခင်း ၊ မောင့်အရိုင်းပန်း ဆိုတဲ့ သီချင်းကောင်းတွေ များစွာကို သီဆိုခဲ့တဲ့ သူဖြစ်ပါတယ်။ အဆိုတော်ကြီး စိုင်းထီးဆိုင်ရဲ့ သီချင်းတွေဟာ တစ်ခေတ်တစ်ခါက ဒေါင်ဆိုင်လေးမှာ အကြမ်းရေလေးကို သောက်ပြီး တစ်ညိမ့်ညိမ့် ခံစားရင် နိဗ္ဗာန် ဘုံအလား ကောင်းလွန်းလှတဲ့ သီချင်းကောင်းလေးတွေ ဖြစ်ပါတယ်။

Google

ဒီနေ့မှာတော့ အဆိုတော်ကြီး စိုင်းထီးဆိုင်နဲ့ သူ့သူငယ်ချင်းတွေ ငယ်စဉ်အခါက ရိုက်ထားတဲ့ ဓာတ်ပုံလေးတစ်ပုံက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန်ပြီး နာမည်ကြီးလာပါတယ်။ ဓာတ်ပုံလေးထဲမှာဆိုရင် အဆိုတော်ဆိုင်းထီးဆိုင်နဲ့ The Wild Ones Myanmar က အဖွဲ့သားတွေကို တွေ့ရမှာဖြစ်ပါတယ်။ အဆိုတော်ကြီး စိုင်းထီးဆိုင်လိုပဲ The Wild Ones Myanmar အဖွဲ့သားတွေကလည်း ၁၉၈၀ ခုနှစ်တွေက လျှမ်းလျှမ်းတောက် အောင် မြင်ခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။

Photo credit to original uploader 

ဇရာကို လွန်ဆန်လို့ မရ ဆိုသလိုမျိုး တစ်ခေတ် တစ်ခါက လှပ နုပျိုခဲ့တဲ့ အဆိုတော် စိုင်းထီးဆိုင်နဲ့ သူ့ရဲ့ သူငယ်ချင်းတွေရဲ့ ငယ်ရွယ်နုပျိုမှုကို ဖော်ပြပေးလိုက်ပါတယ်။

Google
Google

တစ်ခေတ်တစ်ခါက အဆိုတော်ကြီး စိုင်းထီးဆိုင်နဲ့ သူ့သူငယ်ချင်းတွေရဲ့ ပုံရိပ်လေးကို အားလုံးပဲ ကြည့်လိုရအောင် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။