သမီးရှင်သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ အဆိုတော် ဗျူဟာ ဟာဆိုရင် ယမန်နေ့က သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်သွား ပြီပဲဖြစ်ပါတယ်။ အဆိုတော် ဗျူဟာဟာဆိုရင် လူငယ်တွေကြားရေပန်းစားတဲ့ သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေး ၊ ကိုယ်တိုင်ဆိုတဲ့ သူဖြစ်ပြီး အခြားသူများအတွက်လည်း သီချင်းကောင်းလေးတွေ ရေးစပ်ပေးတဲ့ သူဖြစ်ပါတယ်။

Photo Credit 
Photo Credit 

အနုပညာ ပါရမီ အပြည့်ပါတဲ့ တေးရေး တေးဆို ဗျူဟာ ဟာဆိုရင် ယမန်နေ့ မေလ ၉ ရက်နေ့က သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်သွားတဲ့ တေးရေး တေးဆို ဗျူဟာရဲ့ ဘွဲ့နာမည်က  ဦးဇင်း ကဝိန်ဒ လို့ သိရပါတယ်။

ဗျူဟာ's Facebook 
ဗျူဟာ's Facebook 

ဦးဇင်း ကဝိန်ဒ က တောင်ဒဂုံမှာရှိတဲ့ ဇေယျသိဒ္ဓိ ကျောင်းမှာ ရဟန်းခံခဲ့တာဖြစ်ပြီး တောင်ပေါ်မှာ သီတင်းသုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပျော်ရင် သုံးလလောက် ဦးဇင်းဝတ်မှာဖြစ်ပြီး ဝါကျွတ်မှ လူပြန်ထွက်ဖြစ်မယ်လို့ တေးရေး ၊ တေးဆို ဗျူဟာက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖော်ပြပေးထားပါတယ်။

ဗျူဟာ's Facebook 

အဆိုတော် ဗျူဟာက တေးရေးနိုင်မြန်မာရဲ့ သားဖြစ်ပြီး ဖခင်လိုပဲ အနုပညာပါရမီပါတဲ့ သူဖြစ်ပါတယ်။ တေးရေး တေးဆို ဗျူဟာ သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်သွားတဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။