တောက်ကိုရီးယား မင်းသား Ji Chang Wook ဟာ ဆိုရင် ရုပ်ရှင်ချောမောလွန်းလှတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသားတစ်လက် ဖြစ်ပါတယ်။ အောင်မြင်နေတဲ့ သရုပ်ဆောင်ဘဝကို ရရှိပိုင်ဆိုင်ထားတဲ့ တောင်ကိုရီးယား မင်းသား Ji Chang Wook ဟာဆိုရင် မထင်မှတ်လောင်အောင် ဆိုးရွားလွန်းလှတဲ့ ဘဝကို ပိုင်ဆိုင်ထားခဲ့တဲ့ သူဖြစ်ပါတယ်။ Ji Chang Wook ဟာ အဖေမရှိတဲ့ ဘဝနဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတဲ့သူဖြစ်ပါတယ်။ ငွေကြေးမပြည့်စုံတာကြောင့် စိတ်ရောဂါရခဲ့ရတဲ့အထိ ကြုံတွေ့ခဲ့ရတဲ့ Ji Chang Wook ဟာ သူ့ဘဝအကြောင်းလေးကို ပရိသတ်တွေဆီကို ရင်ဖွင့်လာခဲ့ပါတယ်။

Google

Ji Chang Wook ရဲ့ ဘဝမှာ ငွေကြေးကြောင့် စိုးရိမ်ခဲ့ရတဲ့ အချိန်တွေရှိခဲ့သလို ကျောင်းတက်ခဲ့တဲ့ နေ့ရက်တွေတုန်းကလည်း ငွေကြေးကြောင့်ပဲ အရမ်း ပင်ပန်းခဲ့ရတယ်လို့ သိရပါတယ်။

Google

ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရသူဖြစ်တာကြောင့် Ji Chang Wook ဟာ ပျော်ရွှင်ရင် အထိန်းအကွပ်မရှိဘဲ ပျော်တတ်သလို ၊ ဒေါသထွက်မိရင်လည်း ထိန်းလို့ သိမ်းလို့ မရအောင် ဒေါသထွက်တယ်လို့ သိရပါတယ်။ Ji Chang Wook  ရဲ့ ဖခင်ဟာ Ji Chang Wook ငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့တာဖြစ်တာကြောင့် Ji Chang Wook  ဟာဘဝကို ခက်ခက်ခဲခဲ ရှင်သန်ခဲ့ရတာဖြစ်ပါတယ်။

Google

ငယ်စဉ် ကလေးဘဝတုန်းက စိတ်ဖိစီးမှုတွေများပြီး depression ဝင်တဲ့အထိ ဖြစ်ခဲ့ပေမယ့် အမေ့ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ Ji Chang Wook ဟာ ဘဝကို အရှုံး မပေးဘဲ ကျော်လွှားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖတဆိုး လေးအဖြစ်ရှင်သန်ခဲ့တဲ့ တောင်ကိုရီးယားမင်းသား Ji Chang Wook ရဲ့ ဘဝလေးအကြောင်းကို စိတ်မကောင်း ဝမ်းနည်းဖွယ် ဖော်ပြပေးလိုက်ပါတယ်။

Google

Source - Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။