တောင်ကိုရီးယားနာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့စုံတွဲ လေးဟာ ပြီးခဲ့တဲ့ မတ်လ၃၁ ရက်နေ့က လက်ထပ်ထားကြတဲ့ ကြင်စဦးစုံတွဲလေး ဖြစ်ပါတယ်။ BinJin စုံတွဲလေးက မကြာသေးမီကမှ ဟန်းနီးမွန်း ခရီးစဉ်ကနေ ပြန်လာကြတာပါ။ 

Google

မေလ ၈ ရက်နေ့မှာ အင်တာနက်အသုံးပြုတွေရဲ့ အဆိုအရ Binjin စုံတွဲလေးက ဆေးရုံအတူတူသွားကြတယ်လို့ သိရပါတယ်။ ဆေးရုံသွားကြတဲ့ ဓာတ်ပုံတွေ သက်သေအဖြစ် ထွက်ရှိမလာပေမယ့် မျက်မြင်တွေ့ရှိသူတွေရဲ့ အဆိုအရ Binjin စုံတွဲလေး ဆေးရုံကို သွားခဲ့ကြတာ အမှန်ပဲလို့ သိရပါတယ်။ Binjin စုံတွဲလေးက ဆေးရုံကို Son Ye Jin ရဲ့ Kitty ခွေးလေးကိုပါ ယူဆောင်လာတယ်လို့ သိရပါတယ်။ ဆေးရုံမှာ Son Ye Jin ရဲ့ ခွေးလေးကိုလည်း မျက်မြင်တွေ့ရှိခဲ့တဲ့ သူတွေ ရှိပါတယ်။ 

Google

ဆေးရုံကို သွားခဲ့ကြတဲ့ Binjin စုံတွဲကို ပရိသတ်တွေက ကိုယ်ဝန် သွားအပ်ကြတာလို့ ခန့်မှန်းထားကြပါတယ်။ ဟန်းနီမွန်း ခရီးစဉ်ကနေ ပြန်လာတုန်းကလည်း Son Ye Jin မှာ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ 

Google

ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သတ်ပြီး Binjin စုံတွဲက အခုထိ ငြင်းဆိုထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ဆေးရုံသွားတဲ့ ကိစ္စကို ကိုယ်ဝန်သွားပြတာ ဖြစ်နိုင်တယ်ဆိုပြီး သုံးသပ်ထားကြတာဖြစ်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။