ပိုင်တံခွန်ဆိုတဲ့ ပြည်သူချစ် မင်းသားလေးကို အားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ်။

မကြာသေးခင်ကမှ ပြည်သူတွေနဲ့ မိသားစုဆီ ပြန်လည်ရောက်ရှိတဲ့ ကိုပိုင်ကို အားလုံးက ပိုပြီးချစ် ပိုပြီးအားပေးလာကြပါတယ်။

မိသားစုတွေ ကလည်း ကိုပိုင်ကို အရမ်းသတိရလွမ်းဆွတ်နေသလိုပြန်တွေ့တဲ့အချိန်မှာလည်းအလွမ်းသယ်လို့မဝဖြစ်နေတာပါပဲနော်။ ပရိတ်သတ်တွေကလည်း ကိုပိုင်ပြန်ရောက်လာတဲ့ နောက်ပိုင်းမှာ သူ့ကိုအရင်ကထက်ပိုပြီး အားပေးချစ်ခင်လာကြပါတယ်။

မိသားစုတွေ ပရိတ်သတ်တွေတင်မကပဲ အိမ်မှာအလုပ်လုပ်တဲ့ အန်တီကြီးကအစ ကိုယ်ပိုင်ပြန်ရောက်လာတာကို ဝမ်းသာလို့မဆုံးမျက်ရည်မိုးရွာခဲ့ရတဲ့အထိပါပဲ...

အလုပ်သမားအမေကြီးက ပိုင်တံခွန်ကို ဖက်ပြီးငိုနေတဲ့ မိုင်ဒေးလေးကို ဒီလိုစာလေးရေးပြီး ပိုင်တံခွန်ကတင်ထားခဲ့ပါသေးတယ်

" ကျွန်တော့်‌ဆီမှာ အလုပ်လုပ်ပေးနေတဲ့အမေ အခု မှပြန်ဆုံလို့ပါ"

ကဲ ဘယ်လောက်တောင်ကိုပိုင်ကို ချစ်တဲ့သူတွေများသလဲနော်...

Source from Paing Takhon Facebook Photo credit from Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။