ငယ်ရွယ်ပြီးအောင်မြင် မှုရနေတဲ့ တရုတ်နိုင်ငံရဲ့ နာမည်ကြီး အမျိုးသမီး Zhang Baige  ဟာ သူမရဲ့ မွေးစား ဖခင်နဲ့ အတူ ကမ္ဘာပတ် ခရီးထွက်ဖို့ သူမပိုင်ဆိုင်တဲ့ အွန်လိုင်းစီးပွားရေး လုပ်ငန်းနဲ့ အောင်မြင်မှုတွေကို စွန့်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

Google

သူမ ဟာ မိဘအရင်းတွေရဲ့ စွန့်ပစ်မှုကို ကလေးဘဝကတည်းက ခံခဲ့ရတာကြောင့် မွေးစားဖခင်ရဲ့ ကျွေးမွေးစောင့်ရှောက်မှုနဲ့ ရှင်သန်ခဲ့ရသူ ဖြစ်ပါတယ်။ Zhang Baige ရဲ့ မွေးစားဖခင်ကြီးဟာ Zhang Baige ကို လမ်းပေါ်မှာ စွန့်ပစ်လျက်သားလေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

Google

သူမရဲ့ မွေးစားဖခင်ကြီးဟာ သူမ ဒီနေ့လို အောင်မြင်မှုတွေ ရရှိလာစေဖို့ အတွက် အမှိုက်ကောက်ပြီး စောင့်ရှောက်ပေးခဲ့တာဖြစ်ပါတယ်။ လမ်းပေါ်မှာ ကျနေတဲ့ စွန့်ပစ်အမှိုက်တွေကို လိုက်ကောက်ပြီး သမီးဖြစ်သူလေး ပြည့်ပြည့်စုံစုံနေနိုင်အောင် စောင့်ရှောက်ပေးခဲ့တဲ့ ဖခင်ကြီးရဲ့ ကျေးဇူးကို Zhang Baige က ပြန်လည် တုံ့ပြန်ပေးတဲ့အနေနဲ့ အခုလို ပြုလုပ်ပေးတာလို့ သိရပါတယ်။ လက်ရှိမှာတော့ သူမရဲ့ မွေးစားဖခင်ကြီးက အသက် ၇၄ နှစ်အရွယ်ရှိနေပါပြီ ။

Google

Zhang Baige ဟာ သူမရဲ့ ကုမ္ပဏီကြီးကိုလည်း ဖခင်ဖြစ်သူနဲ့အတူ ခရီးထွက်ဖို့အတွက် ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ဘယ်လောက်ပဲဆင်းရဲ ဆင်းရဲ မွေးစားသမီးလေးကို ရင်နှင့်အမျှစောင့်ရှောက်ပေးကာ ပညာတတ်ကြီးဖြစ်အောင် စောင့်ရှောက်ပေးခဲ့တဲ့ မွေးစားဖခင်ကြီး Zhang Shuangqi ရဲ့ စိတ်ဓာတ်လေးကတော့ တကယ်ကို အံသြဖို့ကောင်းလွန်းလှပါတယ်နော်။

Google

သမီးဖြစ်သူရဲ့ စွန့်လွှတ်မှုက ကြီးသလို မွေးစားဖခင်ကြီးရဲ့ ပေးဆပ်မှုကလည်း ကြီးမားလွန်းလှပါတယ်။ ချစ်ဖို့ကောင်းတဲ့ မိဘမေတ္တာလေး အကြောင်းကို အားလုံးပဲ သိစေရန် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။