တောင်ကိုရီးယားမင်းသား Ji Sung ဟာဆိုရင် တောင်ကိုရီးယားမင်းသမီး Lee Bo Young နဲ့ လက်ထပ်ထားပြီး ချစ်စရာ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ Ji Sung ဟာ သူ့မိသားစုကို အရမ်းချစ်ပြီး မိသားစုနဲ့ ပတ်သတ်တဲ့ ပုံရိပ်လေးတွေကို အမြဲ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြပေးလေ့ရှိပါတယ်။ အခုတစ်ခေါက်မှာ လည်း Ji Sung က သူ့မိသားစုက ပို့လိုက်တဲ့လက်ဆောင်လေးတွေဝမ်းသာအားရစွာနဲ့ ဖော်ပြပေးလာတာဖြစ်ပါတယ်။

Google
Google

လက်ဆောင်လေးတွေရဲ့ စာသားလေးတွေမှာ “Adamas ဇာတ်လမ်းတွဲရိုက်ကူးနေတဲ့ သရုပ်ဆောင်များ အားလုံး ကျေးဇူးပြုပြီး အကောင်းဆုံး လုပ်ဆောင်ပေးကြပါနော်။” “Adamas အဖွဲ့သားများ ပျော်ပျော်ကြီး စားပေးကြပါနော်ရှင့်” လို့ဖော်ပြပေးထားပါတယ်။ ဒါက ဇနီးဖြစ်သူ မင်းသမီး Lee Bo Young ပို့လိုက်တဲ့ လက်ဆောင်လေးတွေမှာ ရေးထားတဲ့ စာလေးတွေဖြစ်ပါတယ်။

Google

Ji Sung ဆီကို သူ့ကလေးတွေ ပို့လိုက်တဲ့ လက်ဆောင်လေးမှာလည်း ချစ်စဖွယ်စာလေး ရေးထားပါသေးတယ်။ ကလေးတွေပို့လိုက်တဲ့လက်ဆောင်လေးမှာတော့ “သမီးတို့က အဖေ့ရဲ့ အကြီးဆုံး ပရိသတ်တွေပါ - Kwak Family ဆိုပြီး ရေးထားပါတယ်။ (Ji Sung ရဲ့ နာမည်အရင်းက Kwak Tae Geun ဖြစ်ပါတယ်။)

Instagram
Instagram

ဒါ့အပြင် Ji Sung က သူ့သမီး နဲ့ သားလေးတို့ ရဲ့ လက်ဆောင်လေးဖြစ်တဲ့ ပန်းချီလေးကိုလည်း ဝမ်းသာအားရ ဂုဏ်ယူစွာနဲ့ဖော်ပြပေးထားပါတယ်။ တောင်ကိုရီးယားမင်းသား Ji Sung နဲ့ မင်းသမီး Lee Bo Young တို့ဟာ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ကလေးလေး နှစ်ယောက် မွေးဖွားခဲ့ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။