ချစ်စဖွယ်မျက်နှာလေးနဲ့ မြင်သူတိုင်းကို ကြွေသွားစေတဲ့ မျက်နှာပိုင်ရှင်လေး မအေးသောင်းကတော့ စွံသွားပါပြီနော်။ သရုပ်ဆောင် အေးဝတ်ရည်သောင်းက သူမချစ်ရတဲ့သူနဲ့ မေလ ၂ ရက်နေ့တုန်းက လက်ထပ်ခဲ့တာဖြစ်ပါတယ်။ 

Aye Thaung’s Facebook 
Aye Thaung’s Facebook 
Aye Thaung’s Facebook 

အေးဝတ်ရည်သောင်းက မင်္ဂလာပွဲအခန်းအနားမှာ ကချင်ရိုးရာဝတ်စုံ (လာချိတ်ရိုးရာဝတ်စုံ) လေးကို လှပသပ်ရပ်စွာ ဝတ်ဆင်ခဲ့ပါတယ်။ တိုင်းရင်းသား ရိုးရာ ဝတ်စုံလေး ဖြစ်တဲ့အလျောက် မအေးသောင်းက ဝတ်စုံလေးရဲ့အသေးစိတ်ကို သေသေချာချာလေး ဂရုတစိုက်နဲ့ စီစဉ်ဖြစ်ခဲ့ပါတယ်။ 

Aye Thaung’s Facebook 
Aye Thaung’s Facebook 
Aye Thaung’s Facebook 
Aye Thaung’s Facebook 
Aye Thaung’s Facebook 

ဒီကနေ့မှာတော့ မအေးသောင်းလေးက သူမရဲ့ အမှတ်တရနေ့လေးမှာ ချစ်ရသူတွေနဲ့အတူ ပြင်ဆင်ပေးဖြစ်ခဲ့တဲ့မင်္ဂလာပွဲ ပုံရိပ်လေးတွေကို “အမှတ်တရနေ့လေးမို့ ချစ်တဲ့သူတွေနဲ့ ဖန်တီးခဲ့တယ်။” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဖော်ပြပေးလာခဲ့ပါတယ်။ 

Aye Thaung’s Facebook 
Aye Thaung’s Facebook 
Aye Thaung’s Facebook 

ပုံရိပ်လေးတွေထဲမှာ ကချင်ရိုးရာ ဝတ်စုံအသေးစိတ် ပုံစံလေးရယ် ၊ခန်းမအပြင်အဆင်ပုံရိပ်လေးရယ် ၊ လက်ထပ်လက်စွပ်အနီးကပ်ပုံရိပ်လေးတွေရယ်၊ သူမနဲ့ သူမချစ်သူတို့ ပုံရိပ်လေးတွေရယ်၊ ချစ်ခင်ရသူတွေရဲ့ ပုံရိပ်လေးတွေရယ် ကို ဖော်ပြပေးထားပါတယ်။ 

Aye Thaung’s Facebook 
Aye Thaung’s Facebook 
Aye Thaung’s Facebook 

အသေးစိတ်ပြင်ဆင်ထားတဲ့ မအေးသောင်ရဲ့ မင်္ဂလာပွဲ ပုံရိပ်လေးတွေကတော့ လှပြီးရင်းလှ အားကျပြီးရင်းအားကျဖို့ကောင်းလွန်းလှပါတယ်နော်။ 

Aye Thaung’s Facebook 
Aye Thaung’s Facebook 
Aye Thaung’s Facebook 
Aye Thaung’s Facebook 
Aye Thaung’s Facebook 
Aye Thaung’s Facebook 
Aye Thaung’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။