တောင်ကိုရီးယားမင်းသမီး So Yi-hyun က လွန်ခဲ့တဲ့ ၁၀နှစ်တာ ကာလတုန်းကသူမနဲ့ ခင်ပွန်းဖြစ်သူ မင်းသား In Gyo-jin တို့ ချိန်းတွေ့နေကြတဲ့ ဓာတ်ပုံလေးတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝေမျှပေးလာခဲ့ပါတယ်။

Google

ဓာတ်ပုံလေးတွေက So Yi-hyun နဲ့  In Gyo-jin  တို့ရဲ့ စီနီရာ ၊ ဂျူနီယာ ဆက်ဆံရေးတုန်းက ပုံလေးတွေဖြစ်ပါတယ်။  ဓာတ်ပုံလေးတွေထဲမှာ သူတို့နှစ်ဦးက လက်လေးတွေကို V ပုံစံလေးလုပ်ပြီး ရင်းရင်းနှီးနှီး ပူးကပ်နေကြတာဖြစ်ပါတယ်။ 

Google

In Gyo-jin  က ၁၉၈၀ ခုနှစ်ဖွားဖြစ်ပြီး So Yi-hyun  က ၁၉၈၄ ခုနှစ်ဖွားဖြစ်ပါတယ်။ သူတို့နှစ်ဦး အသက်က ၄နှစ်ကွာခြားတာကြောင့် ကိုကို နဲ့ ညီမလေး စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ဦး က စီနီယာ၊ ဂျူနီယာ ဆက်ဆံရေးကနေ ချစ်သူတွေဖြစ်ပြီး လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Google
Google

So Yi-hyun အနုပညာလောကထဲက စတင်ဝင်ရောက်ခဲ့ချိန်က အသက် ၁၈ နှစ်အရွယ်မှာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးက အတူသွား အတူစားတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပြီး အလုပ်အတူတူလုပ်ကာ ရင်းနှီးခဲ့ကြသူတွေ ဖြစ်ပါတယ်။ 

Google
Google

၁၀ နှစ်တာ ကာလ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ပြီးတဲ့နောက် ၂၀၁၂ ခုနှစ်မှာ စတင်ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ချစ်သူတွေဖြစ်ပြီး ၂၀၁၄ ခုနစ်မှာတော့ လက်ထပ်ခဲ့ကြပါတယ်။ အခုအချိန်မှာတော့ သမီးလေး ၂ယောက်တောင် ရရှိပိုင်ဆိုင်ထားပြီးပါပြီ။ 

Google
Google

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း So Yi-hyun  တို့ ကြည်နူးစရာ စုံတွဲလေးက So Yi-hyun In Gyo-jin OFFICIAL ဆိုတဲ့ YouTube Channel လေးကိုဖွင့်ခဲ့ကြပါတယ်။ 

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။