အပြုံးချိုချိုလေးနဲ့ ချစ်စဖွယ်မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ တောင်ကိုရီးယား မင်းသမီးလေး Lee Si Young ကိုသိကြမှာပါနော်။ မင်းသမီး Lee Si Young က သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှုပုံရိပ်လေးတွေ၊ သားသားလေးရဲ့ ပုံရိပ်လေးတွေကို အမြဲလိုလို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပေမယ့် သူမ ခင်ပွန်းဖြစ်သူရဲ့ဓာတ်ပုံတွေ ကိုတော့ သိပ်ပြီး တင်ပေးလေ့မရှိပါဘူး။ 

Google

ခင်ပွန်း ဖြစ်သူနဲ့တွဲပြီး ဓာတ်ပုံတွေ  တင်ပေးလေ့မရှိပေမယ့် Lee Si Young ရဲ့ အိမ်ထောင်ရေးဘဝက အချင်းချင်းနားလည်မှုတွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ သူမခင်ပွန်းဖြစ်သူကလည်း သူမကို တုန်နေအောင် ချစ်ပါတယ်။ သိပ်ပြီး ထုတ်ဖော်ပြောကြားခြင်း မရှိတာကြောင့် မမ Lee Si Young ရဲ့ ခင်ပွန်းက ဘယ်သူလဲဆိုပြီးပရိသတ်တွေကလည်း အရမ်းသိချင်နေကြပါတယ်။

Google
Google

မမချောချောလေးကို အရယူနိုင်ခဲ့တဲ့ မမ Lee Si Young  ရဲ့ ခင်ပွန်းဖြစ်သူကတော့ အခြားသူမဟုတ်ပါဘူး။ Cho Seong-hyun လို့ခေါ်တဲ့ တောင်ကိုရီးယားရဲ့ စီးပွါးရေး လုပ်ငန်းရှင်ကြီး တစ်ယောက်ဖြစ်ပါတယ်။ Cho Seong-hyun က တစ်နှစ်ကို ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၂ သန်း ရှိတဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်ရဲ့ ပိုင်ရှင်ဖြစ်ပြီးအခြား ရင်းနှီးမြုပ်နှံထားတဲ့ စီးပွါးရေး လုပ်ငန်းတွေလည်း အများကြီးရှိတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးတွေ့ဆုံခဲ့ပုံကတော့ ရိုးရှင်းပါတယ်။ ဒီအတိုင်း သူငယ်ချင်းတွေစုံပွဲမှာ တွေ့ကြရင်း ချစ်ကြိုက်သွားခဲ့ကြတာပါ။ 

Google
Google

ချမ်းသာကြွယ်ဝတဲ့ ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ခဲ့တဲ့ မမ Lee Si Young  ကလည်း ခေသူတော့မဟုတ်ပါဘူး။ သူမရဲ့Net Worth က အမေရိကန်ဒေါ်လာ သန်း၄၀ အထိရှိပြီး တောင်ကိုရီးယားရဲ့ ဝင်ငွေမြင့် အနုပညာရှင် စာရင်းထဲမှာပါတဲ့ မင်းသမီး တစ်လတ်ဖြစ်ပါတယ်။ 

Google

Lee Si Young   က သူမရဲ့ဘဝကို လွတ်လပ်ပျော်ရွှင်စွာနေပြီး လေးလံပင်ပန်းတဲ့အရာတွေကို သိပ်ပြီးခေါင်းထဲ မထည့်တတ်ပါဘူး။ ဒါကြောင့် မမ Lee Si Young   က ကြည်လင်အေးချမ်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာပါ။ 

Google
Google

မမ Lee Si Young   က ခင်ပွန်းဖြစ်သူ Cho Seong-hyun  နဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး  Jo Jung-yoon လို့ခေါ်တဲ့ ချစ်ဖို့ကောင်းတဲ့ သားရတနာလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။