ထိုင်းမင်းသမီး Baifern ဟာဆိုရင် သူ့ရဲ့ ချစ်သူငယ်ချင်းကြီး Naphat นาย ณภัทร เสียงสมบุญ အတွက် မွေးနေ့ဆုတောင်းကို စုံတွဲ ပုံလေးတွေနဲ့ တကွ လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလာပါတယ်။ Naphat นาย ณภัทร เสียงสมบุญ ရဲ့ မွေးနေ့က မေလ ၅ ရက်နေ့ဖြစ်တာကြောင့် Baifern လေးက တကူးတကွ မွေးနေ့ဆုတောင်းလေး လုပ်ပေးထားတာပါ။ 

Baifern’s Facebook  
Baifern’s Facebook

P’nine နဲ့ Baifern တို့က ငယ်ငယ်ကတည်း က အရမ်းကို ခင်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပြီး နှစ်ဦး စလုံးကအနုပညာ လမ်းကြောင်းထက်ဆီမှာ အောင်မြင်နေကြတဲ့ သူတွေ ဖြစ်ပါတယ်။ 

Baifern’s Facebook  
Baifern’s Facebook  
Baifern’s Facebook  

သူတို့သူငယ်ချင်း နှစ်ယောက်က လိုက်ဖက်ညီလွန်းလို့ ပရိသတ်တွေအားလုံးက ဝိုင်းပြီး သဘောတူထားကြတာပါ။ဒီကနေ့မှာလည်း Baifern က စုံတွဲပုံလေးတွေတင်ပြီး P’nine ကို ဆုတောင်ပေးထား တာကြောင့် သူတို့နှစ်ဦး ချိတ်တိတ်တိတ် ငြိတိတိ ဖြစ်နေပြီလားဆိုပြီး ဝိုင်းဝန်း မေးခွန်း ထုတ်ထားကြပါတယ်။

Google 
Google 


ပရိသတ်ကြီးကရော ဘယ်လိုလဲ … သူတို့နှစ်ယောက်တကယ်တွဲမယ်ဆို သဘောတူကြမှာလား ? ???

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။