တောင်ကိုရီးယား အနုပညာရှင် စုံတွဲလေးဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့ စုံတွဲလေးဟာဆိုရင် တောင်ကိုရီးယား နိုင်ငံမှာနာမည်ကြီးတဲ့ စုံတွဲလေးဖြစ်ပါတယ်။ Binjin စုံတွဲလေးဟာ တရားဝင် တွဲပြီး ၂ နှစ်အကြာ ၂၀၂၂ ခုနှစ် ၊ မတ်လ ၃၁ ရက်နေ့မှာ လက်ထက်ခဲ့ကြတာဖြစ်ပါတယ်။ ကြင်စဦး လက်ထပ်ခါစ စုံတွဲလေးက မကြာသေးမီကမှ ဟန်းနီးမွန်း ခရီးစဉ်ကနေ ပြန်လည်ရောက်ရှိလာကြတာဖြစ်ပါတယ်။

Google

Binjin စုံတွဲလေးက လက်ထက်ထားတာ တစ်လကြာသွားပေမယ့် အခုမှ လက်ထပ်လက်မှတ်ရေးထိုးခဲ့ကြတာလို့ သိရပါတယ်။ ဒီသတင်းလေးကို ပရိသတ်တစ်ဦးက တောင်ကိုရီးယားနိုင်ငံ မှာ အသုံးများတဲ့ မှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

Google

အဆိုပါ ပရိသတ်လေးက မေလ ၄ ရက်နေ့တုန်းက တောင်ကိုရီးယား တရားရုံးမှာ Binjin စုံတွဲနဲ့ အတူ ရှိနေခဲ့တာလို့ သိရပါတယ်။ သူပြောခဲ့တဲ့အထဲမှာ ဓာတ်ပုံ မပါပေမယ့် SNS တစ်ခုလုံးမှာ အရမ်းကို နာမည်ကြီးသွားစေပါတယ်။ ပရိသတ်လေးရဲ့ အဆိုအရ Binjin စုံတွဲက လက်ထပ်ပြီး တစ်လကြာမှ လက်ထပ်လက်မှတ်ရေးထိုးခဲ့ကြတာလို့ သိရပါတယ်။

Google

ပရိသတ်လေး တင်ထားတဲ့ ပိုစ့်လေးထဲမှာ Binjin စုံတွဲလေးက ဒီကနေ့မှာ လက်ထပ်လက်မှတ် ရေးထိုးခဲ့တာဖြစ်ကြောင်း ၊ အလုပ်ကိစ္စတစ်ခုကြောင့် တရားရုံးကိုသွားရင်း Binjin စုံတွဲလေးကို တွေ့ခဲ့တာဖြစ်ကြောင်း ၊ အရမ်းကို အံ့သြဖို့ကောင်းကြောင်း ပြောထားပါတယ်။

SNS

လက်ထပ်ပြီး တစ်လ အကြာမှ လက်ထပ်လက်မှတ်ရေးထိုးခဲ့ကြတဲ့ Binjin စုံတွဲလေးရဲ့ အကြောင်းအရာလေးက လူမှုကွန်ရက် စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။