တောင်ကိုရီးယား သရုပ်ဆောင် Park Shin Hye နဲ့ Choi Tae Joon တို့က ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ လက်ထက်ထားကြတဲ့ ကြင်စဦး စုံတွဲလေး ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် တောင်ကိုရီးယား မင်းသမီး Park Shin Hye က ပထမဦးဆုံး ရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့ မမဗိုက်လေး ဖြစ်နေပါပြီ။ Park Shin Hye နဲ့ Choi Tae Joon စုံတွဲလေးက အချင်းချင်း အရမ်းကိုချစ်ကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။

Google

Park Shin Hye ရဲ့ ခင်ပွန်းဖြစ်သူ တောင်ကိုရီးယားမင်းသား Choi Tae Joon ရဲ့ မိဘတွေဟာဆိုရင်လည်း အရမ်းကို ချမ်းသာတဲ့ အသိုင်းအဝိုင်းကြီးမားတဲ့သူတွေအဖြစ် နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ ဒီကနေ့မှာဆိုရင် Park Shin Hye နဲ့ Choi Tae Joon တို့ ဇနီးမောင်နှံနှစ်ဦးကို Choi Tae Joon ရဲ့ မိဘတွေက အဆင့်မြင့် ဇိမ်ခံ အဆောက်အဦးကြီး တစ်ခု လက်ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။

Google

ဇိမ်ခံအဆောက်အဦကြီးကို Park Shin Hye နဲ့ Choi Tae Joon တို့ရဲ့ နာမည်နဲ့ ဝယ်ပေးထားတာလို့ သိရပြီး အဆောက်အဦးကြီးတစ်ခုလုံးကို လက်ငင်းငွေသားနဲ့ ရှင်းပြီးသားဖြစ်ပါတယ်။ လက်ဆောင်ပေးလိုက်တဲ့ အဆောက်အဦးကြီးက ကြင်စဦးဇနီးမောင်နှံလေးရဲ့ ရင်သွေးတွေးအတွက် ဘိုးဘိုး ဘွားဘွားတွေက ဝယ် ပေးတာဖြစ်တယ်လို့ သိရပါတယ်။

Google

Park Shin Hye ဟာ ယောကျာ်းရ ကံကောင်းတယ်လို့ ဆိုရလောက်အောင်ကို တကယ်သဘောကောင်းတဲ့ ခမည်းမခက်တွေကို ရရှိပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။ သူမဟာ ခမည်းခမက်တွေရဲ့ တုန်နေအောင်အချစ်ခံရတဲ့ အပြင် ကိုယ်ဝန်ရှိနေစဉ်ကာလ တစ်လျှောက်လုံးမှာလည်း ခမည်းခမက်တွေက သူတို့ရဲ့ သမီးအရင်းလေးလိုမျိုး အဟာရှိတဲ့ စားစရာလေးတွေကို အမြဲဂရုတစိုက်ကျွေးပေးတယ်လို့ သိရပါတယ်။ ကလေးမွေးဖွားခါနီးလည်း ဖြစ်နေတာကြောင့် ကလေးလေးအတွက် ရွှေငွေ ရတနာ ပစ္စည်းတွေကိုလည်း တောင်ကိုရီးယားနိုင်ငံရဲ့ ထုံးစံအတိုင်း ဝယ်ပေးထားတယ်လို့ သိရပါတယ်။

Google

Park Shin Hye ဟာ သူမချစ်ရတဲ့ မင်းသား Choi Tae Joon နဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့တုန်းက ဆိုလ်းမြို့မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ မင်္ဂလာပွဲကို တတ်ရောက်ခဲ့ကြတဲ့သူတွေကတော့ နှစ်ဦးနှစ်ဖက် မိသားစု ဆွေမျိုးတွေနဲ့ ရင်းနှီးရတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။

Google

ကံကောင်းတဲ့ မမ Park Shin Hye အတွက် ဂုဏ်ယူဝမ်းမြောက်စွာနဲ့ အခုအကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။