ပရဟိတ မင်းသမီး ခိုင်နှင်းဝေဟာဆိုရင် အနယ်နယ်ရပ်ရပ်က အစွန့်ပစ်ခံ ကလေးလေးတွေ ကျွေးမွေး ပြုစုစောင့်ရှောက်ပေးနေတဲ့ သူဖြစ်ပါတယ်။ အခုတစ်ခေါက်မှာ  လည်း လာရောက်စွန့်ပစ်သွားတဲ့ ၃ ရက်သားအရွယ် လူမမယ်ကလေးလေးကို ခိုင်နှင်းဝေမှ တာဝန်ယူစောင့်ရှောက်ပေးမယ်လို့ သိရပါတယ်။ ကလေးငယ်လေးက ၃ ရက်သားလေး ဖြစ်တာကြောင့် မျက်လုံးတောင်မပွင့်သေးဘူးလို့ သိရပါတယ် ။ 

Khin rah in Wai’s Facebook 

စွန့်ပစ်သွားတဲ့ ကလေးငယ်လေးကို ရပ်ကွက်သူ ရပ်ကွက်သားများက အချိန်မီ တွေ့ရှိခဲ့တာဖြစ်ပြီး ခိုင်နှင်းဝေကသွားရောက်ကူညီပေးခဲ့တာလို့ သိရပါတယ်။ ပရဟိတမင်းသမီး ခိုင်နှင်းဝေမှ ၃ ရက်သား ကလေးငယ်လေးကိုသွားရောက်ခေါ်ယူဖြစ်ခဲ့ပုံလေးကို အခုလို ဝေမျှပေးထားပါတယ်။ 

Khin rah in Wai’s Facebook 
Khin rah in Wai’s Facebook 

“(၃)ရက်သား အရွယ် စွန့်ပစ် သမီးငယ်လေး တစ်ဦးကို ထပ်မံ မွေးစားစောင့်ရှောက်ဖြစ်ပါတယ်ရှင်..တာဝန်ရှိသူများနှင့် ရပ်ကွက်မှ အချိန်မှီတွေ့ရှိခဲ့ပါသဖြင့် ကိုယ်လက် အင်္ဂါစုံလင်ပြီး ကျန်းမာ ကံကောင်းတဲ့ ကလေးလေးပါ...အားလုံးပဲ ချစ်ပေးကြဘို့ သမီးလေး တစ်ယောက် ထပ်မံ တိုးလာပါပီရှင်..❤️”

Khin rah in Wai’s Facebook 

ကလေးလေးက ကျန်းမာပြီး ကိုယ်လက်အင်္ဂါလေးတွေ အားလုံး စုံစုံလင်လင်ရှိတယ်လို့ သိရပါတယ်။ မေမေခိုင်နှင်းဝေတော့ ကလေးလေးတစ်ယောက်ကို ထပ်ပြီး ရရှိပိုင်ဆိုင်ပြန်ပါပြီနော်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။