သရုပ်ဆောင် Ryu Jin ဟာဆိုရင် အသက် ၅၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်ကိုရီးယား ဝါရင့် သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ တောင်ကိုရီးယား သရုပ်ဆောင် Ryu Jin မှာ သားလေး ၂ ယောက်ရှိပြီး သားလေး နှစ်ယောက်ကလည်း ရုပ်ရည်ချောမောပြီး ချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားတာဖြစ်ပါတယ်။

Google
Google

တောင်ကိုရီးယား သရုပ်ဆောင် မင်းသား Ryu Jin က သူ့ရဲ့ SNS  စာမျက်နှာပေါ်မှာ သားလေး နှစ်ယောက်ရဲ့ ပုံလေးတွေ အမြဲလိုလို တင်ပေးလေ့ရှိတဲ့သူဖြစ်ပြီး အခုတစ်ခေါက်မှာလည်း ဒုတိယ သားလေးရဲ့ ပုံလေးတွေကို တွဲပြီး တင်ပေးလာတာဖြစ်ပါတယ်။

Google

ဓာတ်ပုံလေးတွေထဲမှာ Ryu Jin က သူ့ရဲ့ ဒုတိယသားဖြစ်သူ Chanho နဲ့ ခရီးသွားနေတဲ့ ဓာတ်ပုံလေးတွေ တင်ပေးလာတာဖြစ်ပါတယ်။ Ryu Jin ရဲ့ ဒုတိယသားလေးက တောင်ကိုရီးယားနာမည်ကျော် ယောကျာ်းလေးများ အဆိုတော်အဖွဲ့ BTS အဖွဲ့ထဲက V နဲ့ တူတယ်ဆိုပြီး နာမည်ကြီးနေတဲ့ ကလေးလေးဖြစ်ပါတယ်။

Google

ဓာတ်ပုံလေးတွေထဲမှာ Ryu Jin က သားဖြစ်သူရဲ့ ခေါင်းကို ကိုင်ထားပြီး စနောက်နေတဲ့ ပုံစံ အခွီလေးတွေ ပြုလုပ်နေတာပါ။ သားအဖနှစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေက ချစ်ဖို့ကောင်းလွန်းတာကြောင့် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။

Google

Ryu Jin က ၂၀၀၆ ခုနှစ်မှာ ချစ်ရသူလေးနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး Chan-hyeong နဲ့ Chan-ho ဆိုတဲ့ သားလေး နှစ်ယောက် ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။