အဆိုတော်အိမ့်ချစ်ဟာဆိုရင် အဆိုပညာမှာထူးချွန်လွန်းတဲ့သူဖြစ်တာကြောင့် ပရိသတ်ရဲ့ အသိအမှတ်ပြု အားပေးမှုကို တစ်ခဲနက် ရရှိထားတဲ့ သူလေးဖြစ်ပါတယ်။ အဆိုတော် အိမ့်ချစ်ဟာ သူမရဲ့ ချစ်သူ Eric နဲ့ ၂၀၂၀ ခုနှစ် ၊ ဇွန်လမှာ လက်ထပ်ခဲ့တဲ့ သူဖြစ်ပါတယ်။

Eaint Chit's Facebook
Eaint Chit's Facebook
Eaint Chit's Facebook
Eaint Chit's Facebook

ပြည်သူ့အချစ်တော်လေး အဆိုတော်အိမ့်ချစ်ဟာ လက်ရှိမှာ ကိုယ်ဝန် လွယ်ထားရတဲ့သူလေးဖြစ်ပြီး ဗိုက်ထဲက သူမရဲ့ ရင်သွေးလေးကိုလည်း ချစ်မဝ ဖြစ်နေတဲ့ သူလေးဖြစ်ပါတယ်။ မကြာသေးမီက အဆိုတော် အိမ့်ချစ်က အအေးဆိုင်မှာ ချစ်ခင်ပွန်းနဲ့ ကော်ဖီလေးသောက်ရင်း ဗိုက်ထဲက ကလေးလေးကို ပွတ်နေတဲ့ ဗီဒီယိုလေးကို တင်ပေးလာတာဖြစ်ပါတယ်။

Eaint Chit's Facebook
Eaint Chit's Facebook

မိခင်မေတ္တာအပြည့်နဲ့ မကြာခင်မှာ လူ့လောကထဲကို ရောက်လာမယ့် ရင်သွေးလေးကို နူးညံ့ညှင်သာစွာ ပွတ်ပေးနေတဲ့ မေမေအိမ့်ချစ်ရဲ့ ဗီဒီယိုလေးက တကယ်ကို ကြည်နူးဖို့ကောင်းလွန်းလှပါတယ်နော်။ မေမေအိမ့်ချစ်တို့ မိသားစုလေးရဲ့ ကြည်နူးဖွယ်ရာ ဗီဒီယိုလေးကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။