သရုပ်ဆောင် မော်ဒယ်လ် နှင်းဝတ်ရည်သောင်းအေးဝတ်ရည်သောင်း နဲ့ ဆွိဝတ်ရည်သောင်းတို ညီအစ်မသုံးယောက်ဟာ အနုပညာလောကမှာ နာမည်ကြီးတဲ့ မင်းသမီးတွေပဲဖြစ်ပါတယ်။ အေးသောင်းနဲ့ ဆွိသောင်းက လက်ရှိမှာအနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေပေမယ့် နှင်းသောင်းကတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နား လိုက်ပြီး အင်္ဂလန်နိုင်ငံမှာ နေထိုင်နေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ (၂) ရက်နေ့မှာတော့ အပျိုကြီးမမအေးသောင်းကတော့ ချစ်ရတဲ့သူနဲ့ ထိုင်းနိုင်ငံမှာ လက်ထပ်ခဲ့တာဖြစ်ပြီး ညီအစ်မတွေကလည်း မအေးသောင်း ရဲ့ လက်ထပ်ပွဲမှာ ပျော်ရွှင်စွာတက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ ညီအစ်မ (၃) ယောက်က မအေးသောင်းရဲ့ မင်္ဂလာဆောင်အတွက် ပြန်လည် စုံစည်းကြတာဖြစ်ပါတယ်။

နှင်းဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းတို့ကတော့ မအေးသောင်းရဲ့ မင်္ဂလာပွဲမှာ တစ်ယောက်တစ်မျိုးစီ အလှကြီးလှနေကြ တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ ညီအစ်မတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit & Source : Hnin Thaung,sweet wutt yi thaung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။