အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ အဆိုတော် တင်ဇာမော်ကို အားလုံးပဲ သိကြမှာပါနော်။ အဆိုတော် တင်ဇာမော်ဟာဆိုရင် ဧည့်သည် ၊ အချစ်မရှိနေ့ရက်များ ၊ အဆုံးမရှိ၊ ဝေဒနာတွေမပေးနဲ့ စတဲ့ကောင်းလွန်းလှတဲ့ သီချင်းတွေကို သီဆိုထားတဲ့ သူဖြစ်ပါတယ်။

Tin Zar Maw's Facebook

အနုပညာ ညီအစ်မတွေဖြစ်တဲ့ တင်ဇာမော်နဲ့ သရုပ်ဆောင်ပွင့်တို့ကလည်း အရမ်းကို ချစ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ယမန်နေ့ ဧပြီလ ၃ ရက်နေ့က သရုပ်ဆောင် ပွင့်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ချစ်သူငယ်ချင်းကြီး သရုပ်ဆောင် ပွင့်ရဲ့ မွေးနေ့မှာ အဆိုတော် တင်ဇာမော်က မွေးနေ့ဆုတောင်းလေးကို Happy Birthday ချစ်တုံးကြီးဆိုတဲ့ စာသား လေးတွေနဲ့ တကွ တင်ပေးထားခဲ့တာဖြစ်ပါတယ်။

Tin Zar Maw's Facebook
Tin Zar Maw's Facebook
Tin Zar Maw's Facebook
Tin Zar Maw's Facebook
Tin Zar Maw's Facebook

ဝဝကစ်ကစ်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ သရုပ်ဆောင် ပွင့်တစ်ယောက် မွေးနေ့မှ စပြီး သာယာပျော်ရွှင်သောနေ့သစ်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်နော် ..

Pwint's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။