တောင်ကိုရီးယား သရုပ်ဆောင် Lee Si-young  ဟာ မေလ ၁ ရက်နေ့က သားဖြစ်သူနဲ့ အတူသွားခဲ့တဲ့ ဘူဆန်ခရီးရဲ့ ပုံရိပ်လေးတွေကို သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာဝေမျှပေးခဲ့ပါတယ်။ 

Google

သူမဟာ သားဖြစ်သူလေး ရေကူးနေတဲ့ပုံ၊ ပင်လယ်ကြီးမှာ ပျော်နေတဲ့ပုံ၊ သားဖြစ်သူနဲ့အတူ ကမ်းခြေသွားနေတဲ့ ပုံလေးကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးလာခဲ့တာပါ။

Google

သူမတင်ပေးထားတဲ့ ဓာတ်ပုံလေးတွေထဲက သားဖြစ်သူရဲ့ ဖင်တုံးလုံးလေးနဲ့ ဓာတ်ပုံလေးက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်မှု များကာ လူစိတ်ဝင်စားမှု မြင့်တတ်လျှက်ရှိပါတယ်။  

Google

အင်တာနက် အသုံးပြုသူတွေက သရုပ်ဆောင် Lee Si-young  က သားဖြစ်သူရဲ့ ကိုယ်လုံးတီး ဓာတ်ပုံကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တာနဲ့ ပတ်သတ်ပြီး ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

Instagram 

အင်တာနက် အသုံးပြုသူ တွေက “ဓာတ်ပုံကို ဖျက်တာဖြစ်ဖြစ်တစ်ခုခုနဲ့ ဖုံးတာဖြစ်ဖြစ် လုပ်ပေးပါ။” “ရှင့်ရဲ့သား အသက် ၂၅ နှစ်အရွယ်လောက် ဖြစ်သွားရင် ဒီပုံကို မြင်ပြီးရှက်လိမ့်မယ်” “အိုး ဘုရားရေ .. ကလေး ကိုယ်တုံးလုံးနဲ့ပုံကို မတင်ရဘူးလေ” လို့ ဝိုင်းပြီး မှတ်ချက်ပေးထားကြပါတယ်။ 

Instagram 

အခုနောက်ပိုင်းမှာ ကလေး မိဘတွေအနေနဲ့ သူတို့ရဲ့ သားငယ် သမီးငယ်လေးတွေရဲ့ ဓာတ်ပုံလေးကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးလာတာကြောင့် အခုလို မျိုး ဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ကလေးငယ်လေးတွေရဲ့ ဓာတ်ပုံဖြစ်ပေမယ့် အဝတ်မပါဘဲ ဓာတ်ပုံတင်ခြင်းက တောင်ကိုရီးယားမှာ ပြစ်မှု မြောက်တယ်လို့ သိရပါတယ်။ 

Google

ဒါကြောင့် တောင်ကိုရီးယားမင်းသမီး Lee Si-young  ရဲ့ သားဖြစ်သူပုံလေးက လူမှုကွန်ရက်စာမျက်နှာပေါ်မှာနာမည်ကြီးနေပြီး  မင်းသမီး Lee Si-young  ကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့အထိ ဝိုင်းဝန်းတောင်းဆိုနေကြပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။