အောင်လအန်ဆန်းဟာဆိုရင် မြန်မာမှာသာမက ကမ္ဘာမှာပါ အသိအမှတ်ပြုရတဲ့ One Championship ရဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ အောင်လအန်ဆန်းဟာ မြန်မာပြည်ဖွား ကချင်လူမျိုး အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး ချစ်ရတဲ့မိသားစုလေးနဲ့ အတူတူ အမေရိကန်နိုင်ငံမှာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။  အောင်လအန်ဆန်းမှာ အောင်ဒီးနဲ့ ဆန်ဆိုင်းဂရေစ့်အင်ဆန်ဆိုတဲ့ သားသမီးလေး နှစ်ယောက်ရှိပြီး လက်ရှိမှာလည်း အမျိုးသမီးဖြစ်သူ ကေတီဆီမှာ တတိယမြောက်ရင်သွေး ရတနာလေးကို ကိုယ်ဝန် ဆောင်ထားရပြီပဲဖြစ်ပါတယ်။

Aung La Nsang's Facebook

အောင်လအန်ဆန်းရဲ့ သားနဲ့သမီးလေးတွေက အရမ်းကို ချစ်ဖို့ကောင်းပြီး လိမ္မာယဉ်ကျေးတဲ့ ကလေးလေးတွေ ဖြစ်ပါတယ် ။

Aung La Nsang's Facebook

ဒီကနေ့လေးကတော့ အောင်လအန်ဆန်းရဲ့ သားလေးဖြစ်တဲ့ အောင်ဒီးလေးရဲ့ ၇ နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ အောင်ဒီးလေးရဲ့ မိဘအပေါ် မပူဆာတတ်ဘဲ လိမ္မာတဲ့ စိတ်နေစိတ်ထားလေးကို အောင်လ အန်ဆန်းမှ အခုလိုလေး ဝေမျှပေးလာပါတယ်။

Aung La Nsang's Facebook

“What do you want for your special birthday dinner?

“Rice ? and beans ?.”

Happy 7th birthday to the easiest and sweetest boy.”

Aung La Nsang's Facebook

သားဖြစ်သူလေး မွေးနေ့မှာ အထူးညစာအဖြစ် ဘာစားချင်လဲဆိုတဲ့ အောင်လအန်ဆန်းရဲ့ မေးခွန်းကို သားလေး အောင်ဒီးက ထမင်းနဲ့ ပဲ လေးပဲ စားချင်ပါတယ်လို့ ဖြေလိုက်တာ ဖြစ်ပါတယ်။

Aung La Nsang's Facebook

အောင်ဒီးလေးရဲ့ အဖြေလေးက ချစ်ဖို့ကောင်းပြီး ရိုးရိုးရှင်းရှင်းလေး ဖြစ်လှပါတယ်။ လိမ္မာလွန်းတဲ့ အောင်လအန်ဆန်းရဲ့ သားလေး အောင်ဒီးအကြောင်းကို ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။