အားလုံးပဲ မအေးသောင်းလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ ပြည်သူချစ်မင်းသမီးလေး အေးဝတ်ရည်သောင်းတစ်ယောက် မင်္ဂလာဆောင်ခဲ့ကြတာကို သိပြီးကြမှာပါနော်။ ပြည်သူချစ် မင်းသမီးလေး အေးဝတ်ရည်သောင်းဟာ သူမ ချစ်ရတဲ့သူနဲ့ ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲကြီးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်အေးဝတ်ရည်သောင်းက သူမရဲ့ မင်္ဂလာဆောင် ဓာတ်ပုံလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးခဲ့တာကြောင့် မြန်မာတစ်နိုင်ငံလုံးက မအေးသောင်းရဲ့ မင်္ဂလာပွဲ ဓာတ်ပုံလေးတွေကို အားကျနေကြပါတယ်။
မင်္ဂလာလက်ထပ်ပွဲမှာ မင်္ဂလာပန်းစည်းအဖြစ် သရုပ်ဆောင် မအေးသောင်း ကိုင်ဆောင်ထားခဲ့တဲ့ ပန်းစည်းလေးက Lily of the valley အမည်ရတဲ့ ပန်းစည်းလေးဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သရုပ်ဆောင် မအေးသောင်းက သူမ မင်္ဂလာပွဲမှာ ကိုင်ဆောင်ခဲ့တဲ့ Lily of the valley ပန်းစည်းလေးရဲ့ နက်နဲလှတဲ့ အဓိပ္ပါယ်လေးကို သူမရဲ့ စတိုရီလေးပေါ်မှာ ဝေမျှပေးလာခဲ့ပါတယ်။
မအေးသောင်း ကိုင်ဆောင်ခဲ့တဲ့ Lily of the valley ပန်းစည်းလေးကို မေလမှာ လက်ဆောင်ရခဲ့မယ်ဆိုရင် ပျော်ရွှင်ဖို့ကို ရည်ရွယ် တယ်လို့ သိရပါတယ်။ Lily of the valley ပန်းလေးရဲ့ အဓိပ္ပါယ်က “မိခင်ဘဝ” ၊ “သန့်ရှင်းစင်ကြယ်ခြင်း” “ချိုမြိန်မှု” “ ကံကောင်းခြင်း ၊ ပျော်ရွှင်မှုတွေ ရောက်ရှိလာမယ် ” ဆိုတဲ့ အဓိပ္ပါယ်ရတယ်လို့ မအေးသောင်းဝေမျှထားတဲ့ ပန်းလေးရဲ့ အဓိပ္ပါယ်လေး အရ သိရပါတယ်။
သရုပ်ဆောင် မအေးသောင်းက lily of the valley ပန်းစည်းလေးကို မေလမှာကျင်းပတဲ့ သူမရဲ့ မင်္ဂလာပွဲမှာ လက်ထပ်ပန်းစည်းအဖြစ် ကိုင်ဆောင်ခဲ့တာဖြစ်လို့ ပန်းလေးရဲ့ အဓိပ္ပါယ်အတိုင်း ကံကောင်းခြင်းတွေ အပြည့်နဲ့ အမြဲပျော်ရွှင်နေရတဲ့ ကောင်မလေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် .. ချစ်ရတဲ့ ကောင်မလေးရေ ..???
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။