ပိုင်တံခွန်လို့ ပြောလိုက်တာနဲ့ အရပ်ရှည်ရှည်လေးနဲ့ ကောင်လေးချောချောလေးကို သေချာပေါက်ပြေး မြင်ကြမှာပါနော် ။ ပိုင်တံခွန်က ရုပ်ရည်ချောမောသလို ဓာတ်ပုံရိုက်ရင်လည်း အရမ်း စမတ်ကျတဲ့ သူလေး ဖြစ်ပါတယ်။

Paing Takhon’s Facebook
Paing Takhon’s Facebook

ပိုင်တံခွန် ဓာတ်ပုံ ခပ်မိုက်မိုက်လေးရဖို့အတွက် နောက်ကွယ်က ကြိုးစားပေးနေတဲ့ သူလေးတစ်ယောက်လည်း ရှိပါတယ်။ သူကတော့ ပိုင်တံခွန်ရဲ့ အစ်မ မေချစ်သွေးပဲ ဖြစ်ပါတယ်။ 

May Chit Thway’s Facebook

ကောင်လေး တစ်ယောက်လိုမျိုး ခန့်ခန့်ညားညားနဲ့ ချစ်ဖို့ကောင်းတဲ့ ပိုင်တံခွန်ရဲ့ အစ်မ မေချစ်သွေးက ပိုင်တံခွန်ရဲ့ပုံလှလှလေးတွေကို အမြဲရိုက်ပေးနေတဲ့သူလေး ဖြစ်ပါတယ်။ 

May Chit Thway’s Facebook

ဓာတ်ပုံကောင်း တစ်ပုံဖြစ်လာဖို့ကလည်း အရမ်းကြီးလွယ်ကူနေတာမျိုးတော့ မဟုတ်ပါဘူး။ မောင်လေး ပိုင်တံခွန် ဓာတ်ပုံကောင်းတစ်ပုံရဖို့အတွက် မေချစ်သွေးကသစ်ပင်ပေါ်တတ်ကာ အရဲစွန့်ပြီး ကြိုးစားခဲ့ရတာဖြစ်ပါတယ်။

May Chit Thway’s Facebook
May Chit Thway’s Facebook

သစ်ပင်မြင့်ပေါ်မှာ ဒူးတွေ တုန်တဲ့အထိ ကြိုးစားကာ ဓာတ်ပုံရိုက်ပေးခဲ့ရတဲ့ အစ်မတော် မေချစ်သွေးရဲ့ ပုံရိပ်လေးတွေကို ကြည်နူးစရာအတွေ့အကြုံကောင်းလေးအဖြစ် ဝေမျှပေးလိုက်ပါတယ်။

May Chit Thway’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။