တောင်ကိုရီးယားနာမည်ကျော် သရုပ်ဆောင် Son Ye Jin နဲ့ Hyun Bin တို့ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကလက်ထပ်ထားခဲ့ကြတာကို အားလုံးပဲသိကြမှာပါနော်။ 

Google

သူတို့ နှစ်ဦးက အမေရိကားမှာ ဟန်းနီးမွန်းခရီး ထွက်လာပြီးတဲ့နောက်မှာ တောင်ကိုရီးယားကို ပြန်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ 

Google

သူတို့နှစ်ဦးသားရဲ့ လေဆိပ်အဝင် အပြုအမူလေးတွေကို ပြန်ကြည့်ပြီးတဲ့နောက်မှာ Son Ye Jin မှာ ကိုယ်ဝန်ရှိနေပြီလား ဆိုတဲ့ မေးခွန်းတွေ ထွက်လာပါတယ်။ 

ဖြစ်စဉ်လေးက ဒီလိုပါ။ သူတို့နှစ်ဦး လေဆိပ်ကို ဝင်လာလာချင်းမှာ သတင်းထောက်တွေက ဓာတ်ပုံရိုက်ကြပါတယ်။ အဲဒီအချိန်မှာ Son Ye Jin ရဲ့ အဝတ်အစားတွေက ဓာတ်ပုံရိုက်ဖို့ အဆင်မပြေတဲ့အကြောင်းကို Hyun Bin က ယဉ်ကျေးစွာနဲ့ သတင်းထောက်တွေကို ပြောပါတယ်။ 

Google

အဲဒီလိုပြောလိုက်တဲ့ စကားကြောင့် တစ်ကမ္ဘာလုံးက Son Ye Jin ရဲ့ အဝတ်အစားအပေါ် အာရုံစိုက်မှု ရောက်ရှိ လာခဲ့ပြီး Son Ye Jin မှာ ကိုယ်ဝန်ရှိနေလားဆိုတဲ့ သံသယတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ 

Google


Son Ye Jin က ဟန်းနီးမွန်း ခရီးစဉ်အတွက် စတင်ထွက်ရှိတုန်းက ကောက်ကြောင်းပေါ်တဲ့ တီရှပ်အကျပ်လေးနဲ့ ဘလေဇာ ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဒေါက်မြင့်ဖိနပ်ကိုပါစီးထားတာဖြစ်ပါတယ်။ 

Google


ဒါပေမယ့် ဟန်းနီးမွန်းခရီးစဉ်က သူမ ပြန်ရောက်လာတဲ့အချိန်မှာ တီရှပ် အပွကို ဘောင်းဘီ အပွနဲ့ဝတ်ထားတာဖြစ်ပါတယ်။ ဖိနပ်ကလည်း သက်သောင့်သက်သာဖြစ်စေမယ့် ရှူးဖိနပ်လေးကို စီးထားပါတယ်။ အဝတ်အစားဒီဇိုင်းလေးက ခန္ဓာကိုယ်ကောက်ကြောင်း ဖုံးထားတဲ့ ပုံစံလေး ဖြစ်တာကြောင့် Son Ye Jin မှာ ကိုယ်ဝန်ရှိနေလားဆိုပြီး သံသယလေးတွေဝင်လာကြတာဖြစ်ပါတယ်။ 

Google

အခုအချိန်ထိတော့ နာမည်ကြီး စုံတွဲနှစ်ဦးက သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အကြောင်းနဲ့ ပတ်သတ်ပြီး ဘာမှ ထုတ်ဖော်ပြောကြားထားတာမျိုး မရှိသေးပါဘူး။ 

Google

Source - Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။