အာရှရဲ့ စင်မြင့်ထက်ကိုရောက်ဖို့ ကြိုးစားနေတဲ့ ကရင်တိုင်းရင်းသူလေး မာသာထူးဝါးကို ပရိသတ်တွေ သိကြမှာပါ။ မာသာထူးဝါး တို့မိသားစုလေးဟာ တောင်ကိုရီးယား နိုင်ငံမှာ ဒုက္ခသည်အဖြစ်နေထိုင်နေတာ ဖြစ်ပါတယ်။ ဂီတကိုချစ်မြတ်နိုးတဲ့ မာသာလေးဟာ တောင်ကိုရီးယား အဆိုပြိုင်ပွဲတွေဝင်ပြိုင်ခဲ့တဲ့အပြင် အခမ်းအနားပွဲကြီးတွေမှာ သီချင်းသီဆိုပေးဖို့ ဖိတ်ခေါ်ခံရတဲ့သူလေးပဲ ဖြစ်ပါတယ်။

Photo Credit - Martha Htoowah
Photo Credit - Martha Htoowah

ဒါပေမယ့် မာသာထူးဝါး ရဲ့ မိခင် မိုင်ဟာ အသည်း ကင်ဆာရောဂါဝေသနာကို ခံစားနေရတာ ဖြစ်ပါတယ်။ မလွယ်ကူလှတဲ့ single mom - working mom ဘဝနဲ့ အခက်အခဲတွေကို အပြုံးမပျက်ဘဲ သမီးလေး နော်မာသာထူးဝါးကိုလည်း အဆိုတော် ဖြစ်အောင် ပျိုးထောင်ခဲ့ပါတယ်။ ယခုဆိုရင် ခက်ခဲတဲ့အခြေအနေမှာ မာသာထူးဝါးရဲ့ မိခင်ဟာ ကင်ဆာရောဂါ အဆင့် ၄ ထိရောက်ရှိပြီး အသက်ဘေးကို ရင်ဆိုင် တွန်းလှန်နေရတယ်လို့ သိရပါတယ်။

Photo Credit - Martha Htoowah
Photo Credit - Martha Htoowah

လက်ရှိမှာတော့ ဆေးလည်းစား၊ အနားလည်းယူရင်း အစာပျော့ လေးတွေနှင့် သစ်သီးတွေ ကျိတ်ပြီး အသက်ဆက် နေပါတယ်။ လစဉ်အိမ်ငှါးခ၊ ကလေး ၃ ယောက်ရဲ့စားဝတ်နေရေးစရိတ်၊ အခြေခံကျူရှင်စရိတ်၊ မမိုင်ရဲ့ဆေးဖိုးဝါးခနှင့် သီးသန့်အစားအစာစရိတ်၊ သွားလာစရိတ်၊ သဘာဝ တိုင်းရင်းဆေးနှင့် ကင်ဆာကုတဲ့ နေရာတစ်ခုမှာ ၁ လခန့် အနားယူနိုင်ဖို့ မိတ်ဆွေအများရဲ့ ပံ့ပိုးမှုလိုအပ်နေကြောင်း စိတ်မကောင်းစွာ ကြားသိရပါတယ်။ ညီမလေးမာသာ ရဲ့မိခင် မိုင် အတွက် ကူညီလှူဒါန်းချင်တယ်ဆိုရင်တော့

Bank: Shin Han bank 신한은행

Account: 110442609387

Name: NAW EH KA BAW HTOO ကနေ လှူဒါန်းနိုင်လို့ရကြောင်း သိရပါတယ်။

Photo Credit - Martha Htoowah

သတင်းအရင်းမြစ်: Source - Original Upload / မေရီနွမ် - ကိုးရီးယား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။