ဧပြီလ ၂၇ ရက်နေ့က ယူကျူ့ဆယ်လီ လီဂျင်းဟို ရဲ့ ထုတ်ဖော်ပြောကြားချက်အရ ကင်ဝူဘင်း ကင်ဆာရောဂါဖြစ်နေတာကို စောစောသိအောင် ကူညီပေးခဲ့တဲ့သူက ဝူဘင်းရဲ့ ချစ်သူ ရှင်မင်းအာ မဟုတ်ဘဲ ယောကျာ်းလေး တစ်ယောက် ဖြစ်နေတာလို့ သိရပါတယ်။ 

Google

လီဂျင်းဟိုရဲ့ အဆိုအရ ကင်ဝူဘင်းဟာ ၂၀၁၇ ခုနှစ်နှောင်းပိုင်းတုန်းက နှာခေါင်း သွေးယိုတာတွေ ဖြစ်ခဲ့တယ်လို့သိရပါတယ်။ နှာခေါင်းသွေးယိုတာကြောင့် စိတ်ထဲ သံသယဝင်ခဲ့ပေမယ့် များပြား ပြည့်ကျပ်နေတဲ့ အလုပ်အချိန်စာရင်းတွေကြောင့် ကင်ဝူဘင်းတစ်ယောက် ဆေးရုံသွား မပြဖြစ်ခဲ့ပါဘူး။ ကင်ဝူဘင်းကိုယ်တိုင်လည်းအလုပ်များလွန်းလို့ နှာခေါင်းသွေး လျှံခဲ့တာလို့ ထင်ခဲ့တာပါ။ 

Google
Google

အဲဒီ ကိစ္စတွေ ဖြစ်ပြီး သိပ်မကြာခင်မှာ ကင်ဝူဘင်တစ်ယောက် မင်းသား လီဗြောင်ဟွန်းနဲ့ ညစာစားရင်း တွေ့ခဲ့ကြပါတယ်။ လီဗြောင်ဟွန်းနဲ့ အတူတူ သောက်နေတုန်းမှာပဲ ကင်ဝူဘင် နှာခေါင်းသွေး ထပ်ယိုခဲ့ပါတယ်။

Google

အဲဒီအချိန်မှာ လီဗြောင်ဟွန်းက ကင်ဝူဘင်းရဲ့ ကျန်းမာရေး အခြေအနေကို အရမ်းစိုးရိမ်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ဖို့ ဆေးရုံအတင်း သွားခိုင်းခဲ့တယ်လို့ သိရပါတယ်။ နောက်တစ်နေ့မှာတော့ ကင်ဝူဘင်းကဆေးရုံကိုသွား စစ်ဆေးမှုခံယူခဲ့ပြီး ကင်ဆာ ရောဂါ ဖြစ်နေတာကို သိရှိခဲ့ရတယ်လို့ သိရပါတယ်။ 

Google

ကင်ဝူဘင်း ကင်ဆာရောဂါဖြစ်နေတာကို စောစောသိခဲ့ရတာ ချစ်သူငယ်ချင်းကြီး ကင်ဗြောင်းဟွန်းကြောင့် ဖြစ်ပါတယ်။ ကင်ဝူဘင်းဟာ ကင်ဆာရောဂါ ဖြစ်နေတာကို သိပြီးပြီးချင်းနောက် ၂၀၁၉ ခုနှစ်မှာ ကင်ဆာရောဂါ ကုသဖို့လုပ်ဆောင်နေဆဲ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေ အားလုံးကို ရပ်တန့်ပစ်လိုက်တော့မယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

Google

လက်ရှိမှာတော့ ကင်ဝူဘင်းဟာ ကင်ဆာရောဂါကနေ သက်သာလာပြီး အနုပညာလှုပ်ရှားမှုတွေကိုပြန်လည် လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

Google

 ကင်ဝူဘင်း လက်ရှိမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးက'Our Blues' ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ 

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။