အစဥ်အဆက်ကတည်းက ဗုဒ္ဓသာသနာတော်ကို စောင့်ကြပ်နေတဲ့ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်​​မြက်တွေထဲမှာ လောကပါလ ယက္ခမယ်တော်ကြီးတစ်ပါးလည်းပါဝင်ပါတယ်။ မယ်တော်ကြီးဟာ နောင်ပွင့်တော်မူမည့် အရိမေတ္တယျဘုရား မပွင့်မချင်း ၉ ပါးသီလဖြင့် သက်လွတ်စားနေတဲ့ ယက္ခမယ်တော်ကြီးပဲ ဖြစ်ပါတယ်။ မယ်တော်ကြီးမှာ အပြင်ပုံရိပ်နှင့် အတွင်းပုံရိပ်ဆိုပြီး ရုပ်အသွင်အပြင်(၂)မျိုးရှိပါတယ်။

Photo Credit - From Google

အပြင်ပုံရိပ်ဟာ ရုပ်​ရည်ကြမ်းတမ်းပြီး ကြောက်စရာကောင်းနေပေမယ့် အတွင်းပုံကတော့ အလွန်လှပချောမောတဲ့ မင်းသမီးတစ်ပါးဖြစ်ပါတယ်။ ဒီအတွင်းပုံရိပ်ကို ဘဝဆက်ပဌာန်းဆက်များ သွေးသားတော်စပ်ခဲ့တဲ့ သူများသာ ပြသပြီး သာသနာပြုဖို့ လမ်းညွန်မှာကြားတာတွေ ပြုလုပ်ပါတယ်။

Photo Credit - From Google

ရွှေတိဂုံဘုရား မြောက်ဘက်မုခ်ရဲ့ လက်ဝဲမှာတွေ့ရတဲ့ ဘီးလူပုံပန်းသဏ္ဍန်ရုပ်တုကြီးဟာ လွန်ခဲ့သောနှစ်ပေါင်း(၆၀၀)ကျော်က ဟံသာဝတီဘုရင်မကြီးရှင်စောပုက ဘုရားရှိ ဓာတ်တော်မွှေတော်ဌာပနာတော်များကို စောင့်ရှောက်တော်မူဖို့အတွက်ဆိုပြီး ယက္ခမယ်တော်ကြီးအား ရုပ်တုထုဆစ်အသက်သွင်းကာ တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit - From Google

ထိုအချိန်တုန်းက ဘုရင်မကြီးရှင်စောပုဟာ မိမိအိပ်မက်ထဲမှာတွေ့ရတဲ့ ချောမောလှပတဲ့ မင်းသမီးပုံစံအတိုင်း ထုဆစ်ရန်ဆန္ဒရှိခဲ့ပေမယ့် လောကပါလ ယက္ခမယ်တော်ကြီးက ဒါကို လက်မခံဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် အတွင်းပုံရိပ်နဲ့ ဘုရားဌာပနာများကိုစောင့်ရှောက်ရန်မဖြစ်နိုင်တဲ့အတွက် ကြမ်းတမ်းတဲ့အပြင်ပုံရိပ်ကို ထုဆစ်မှသာ လူတွေကိုအကြောက်တရားများဖြင့် လွှမ်းမိုးထားနိုင်မှာလို့ဆိုပါတယ်။

Photo Credit - From Google

ဒါကြောင်း မယ်တော်ကြီးပုံကို ကြမ်းတမ်းတဲ့အသွင်အပြင်ရုပ်ကိုသာ ထုဆစ်ပါလို့ မယ်တော်ကြီးရဲ့မိန့်ကြားချက်အတိုင်း ရွှေတိဂုံဘုရားမှာ လောကပါလ ယက္ခမယ်တော်ကြီးပုံကို ဘုရင်မကြီးရှင်စောပုက အသက်သွင်း ထုဆစ်ခဲ့တာလို့ သမိုင်းစာပေများအရ သိရှိရပါတယ်။ အချို့သူများကတော့ လောကပါလ ယက္ခမယ်တော်ကြီးပုံကြည့်ပြီး ဘီလူးမကြီးလို့မြင်တွေ့ကြရပါတယ်။

Photo Credit - From Google

သတင်းအရင်းမြစ်: Source - Sai Thi Ha

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။