သတင်း အစီအစဉ် ကြေညာသူ ဦးကျော်သက်လင်းဟာဆိုရင် လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဦးကျော်သက်လင်းဟာ သတင်းကြေညာသူဟောင်း ပီပီ တတ်သိပညာ မနေသာဆိုသလို သူတတ်ထားတဲ့ ပညာလေးတွေနဲ့ တောထဲက ကလေးငယ်လေးတွေကို စာသင်ကြားပေးနေတဲ့ သူဖြစ်ပါတယ်။

U Kyaw Thet Linn's Facbook

တောထဲတောင်ထဲမှာ ပညာသင်ကြားဖို့ ခက်ခဲနေတဲ့ ကလေးငယ်လေးတွေက ဦးကျော်သက်လင်းဆီမှာ စာလာသင်ကြပြီး ဦးကျော်သက်လင်းကလည်း စိတ်ရှည်ရှည်နဲ့ ပြန်ပြီး စာသင်ပေးပါတယ်။

U Kyaw Thet Linn's Facbook

ဦးကျော်သက်လင်းက သူ့ရဲ့ တစ်နေ့တာ လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှု ကွန်ရက် စာမျက်နှာပေါ်မှာ အမြဲ တင်ပေးလေ့ရှိပြီး အခုတစ်ခေါက်မှာလည်း သူ့ရဲ့ တပည့်လေးတွေ ကြိုးစားပန်းစား စာသင်နေတဲ့ ဗီဒီယိုလေးကို  အခုလိုလေး တင်ပေးလာပါတယ်။

"သင်တဲ့ဆရာပဲညံ့လို့နေမှာပါ...

Queen ကွင်း ကိုမေ့မေ့နေကြတော့

လယ်ကွင်းတွေမှတ်ထား နောက်ကကွင်းကိုမှတ်မိရင်အဲဒီအတိုင်းထွက်

Super ဆိုတာလည်း ကော်ဖီမစ်ကိုမှတ်ထား လို့ဆိုတော့

အမလေး ငါအူတက် လို့ပဲခေတ်စကားသုံးရတော့မယ်

အက်စ်ယူပီအီးအာ=ဘာဒီ??? "

U Kyaw Thet Linn's Facbook

ဗီဒီယိုလေးထဲမှာ တပည့်ကျော်လေးတွေက အသံထွက် အလွဲလေးတွေနဲ ကြိုးစားပမ်းစား စာသင်ကြားနေတာကို တွေ့ရမှာဖြစ်ပါတယ်။ တိုင်းရင်သား အသံဝဲဝဲလေးတွေနဲ့ စာသင်ကြားနေကြတဲ့ ဦးကျော်သက်လင်းရဲ့ တပည့်ကျော်လေးတွေအကြောင်းကို ချစ်ဖို့ကောင်းစွာ ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။