Youth of May ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ တောင်ကိုရီးယား သရုပ်ဆောင် မင်းသမီးလေး Go Min Si ဟာဆိုရင် အရွယ်အစား သေးသေးလေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းတဲ့ သူလေးဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုကို တခဲနက် ရရှိထားတဲ့ တောင်ကိုရီးယား မင်းသမီးလေး Go Min Si ဟာဆိုရင် မကြာသေးမီကအဆိုတော်ကောင်လေး GRAY နဲ့ တွဲနေတယ် ဆိုတဲ့ သတင်းတွေထွက်ရှိလာခဲ့ပါတယ်။

Google

တွဲနေတယ်ဆိုတဲ့ သတင်းတွေ စတင်ထွက်ရှိလာတဲ့ အကြောင်းအရင်းကတော့ အင်စတာဂရမ်ဓာတ်ပုံတွေကနေစတင်ခဲ့တာဖြစ်ပါတယ်။ အင်စတာဂရမ် ဓာတ်ပုံထဲမှာ တင်ထားတဲ့ အကြောင်းအရာထဲမှာ Go Min Si နဲ့ GRAY တို့သွားထားတဲ့ နေရာတွေက တစ်ပုံစံတည်း တူနေတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ နှစ်ဦး တွဲနေတဲ့ဆိုတဲ့သတင်းထွက်လာတာဖြစ်ပါတယ်။ 

Google
Google


သတင်းထွက်လာတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး Go Min Si ရဲ့ အေဂျင်စီဘက်က သူတို့ရဲ့ သရုပ်ဆောင် မင်းသမီးရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စ ပတ်သတ်ပြီး ပြောစရာဘာမှ မရှိတဲ့အကြောင်း ဆိုလာပါတယ်။ 

Google

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က Go Min Si က GRAY ရဲ့ သီချင်း ဗီဒီယို တစ်ပုဒ်ဖြစ်တဲ့ Make Love ဆိုတဲ့ သီချင်း ဗီဒီယိုလေးထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Google

 အဲဒီဗီဒီယိုလေးထဲကနေ တဆင့် သူတို့နှစ်ဦး ချစ်ကြိုက်သွားကြတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။