မကြာသေးမီက တောင်ကိုရီယား ဝါရင့် သရုပ်ဆောင် မင်းသမီးကြီး Seo Yi Sook သေပြီဆိုတဲ့ သတင်းတွေ ထွက်ရှိလာခဲ့ပါတယ်။ သတင်းက ဧပြီလ ၂၈ ရက်နေ့မှာ ထွက်ရှိလာခဲ့တာဖြစ်ပြီး သတင်းကို စတင်လွှင့်ခဲ့တဲ့ သူက A လို့ အမည်ရတဲ့ အသက် ၂၀ အရွယ် အမျိုးသား ဖြစ်ပါတယ်။

Google

အဆိုပါ အမျိုးသားဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လနဲ့ စက်တင်ဘာလတုန်းက တောင်ကိုရီးယား မင်းသမီးကြီး Seo Yi Sook နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့ပြီဆိုတဲ့ သတင်းတွေ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ သေဆုံးပြီဆိုတဲ့သတင်းနဲ့အတူ မဟုတ်မမှန်ဓာတ်ပုံတွေကိုပါ အတူတွဲတင်ခဲ့တာကြောင့် အင်တာနက် အသုံးပြုသူတွေက Seo Yi Sook သေပြီဆိုတာကို ယုံကြည်ပြီး ဝိုင်းဝန်း ဆုတောင်းပေးခဲ့ကြပါတယ်။

Google
Google

Seo Yi Sook သေဆုံးပြီဆိုတဲ့ သတင်းကို မဟုတ်မမှန်သတင်းထုတ်လွှင့်ခဲ့တဲ့ A ဆိုတဲ့ အမျိုးသားရဲ့ လိပ်စာကို  Mapo ရဲဌာနက လိုက်လံရှာဖွေဖော်ထုတ်ခဲ့ ပါတယ်။

Google

ရဲဌာန ရဲ့ အဆိုအရ အပြစ်ရှိသူ A က လက်ရှိမှာ စစ်မှုထမ်းဆောင်နေတယ်လို့ သိရပါတယ်။ တရားခံကိုတော့ စစ်မှုထမ်းဆောင်တဲ့ ကာလပြီးဆုံးသွားမှ ဖမ်းဆီးသွားမယ်လို့ သိရပါတယ်။

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။